သတင်းတို
သံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့် ဖြေလျော့
This article has been converted from Zawgyi One to Unicode
ရဟန်းသံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် မြို့နယ် သံဃနာယကအဖွဲ့ ထောက်ခံချက်သာ ရယူပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ရဟန်းသံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ကကဲ့သို့ သံဃနာကယ အဖွဲ့ အဆင့်ဆင့်၏ ထောက်ခံချက်များဖြင့် သာသနာရေး ဝန်ကြီးဌာနမှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ မလိုအပ်တော့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။