• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အသက် အန္တရာယ်ရှိ ဓာတုပိုးသတ်ဆေးများ စိုက်ပျိုးရေး ဈေးကွက်အတွင်း ပျံ့နှံ့နေ

by မေခ
2 April 2013
in သတင်း
A A
အသက် အန္တရာယ်ရှိ ဓာတုပိုးသတ်ဆေးများ စိုက်ပျိုးရေး ဈေးကွက်အတွင်း ပျံ့နှံ့နေ

စပါးစိုက်ပျိုးနေသည့် တောင်သူလယ်သမားများ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

4.7k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာတွင် တားမြစ်ပိတ်ပင်ထားသော အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ဓာတုပိုးသတ်ဆေး အမျိုးပေါင်း ၃၀ ကျော်ခန့် နိုင်ငံတွင်း၌ တရားမဝင် ပျံ့နှံ့နေကြောင်း မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသတိုးဟိန်း ထံမှသိရသည်။

တရားမဝင် ပိုးသတ်ဆေးများနှင့် ပတ်သတ်၍ တောင်သူလယ်သမား အသင်းမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ အတွင်းတွင် ဈေးကွက်အတွင်းရှိ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများကို ရှောင်တခင် စစ်ဆေးခဲ့ကြောင်း မတ် ၃၀ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်း၌ ကျင်းပပြုလုပ်ခဲ့သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သိရသည်။

RelatedPosts

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
5
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
11
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
70

“တချို့တောင်သူတွေက တရားမဝင် ပိုးသတ်ဆေးတွေရဲ့ အန္တရာယ်ကို သိပေမယ့် ဈေးသက်သာလို့ သုံးတာတွေရှိပါတယ်။ တောင်သူတွေဘက်မှာ အသိ ဗဟုသုတတိုးဖို့လည်း လုပ်ဆောင်ပေးဖို့လိုတယ်” ဟု ဦးသတိုးဟိန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ပိုးသတ်ဆေး အမျိုးပေါင်း တရာကျော် တင်သွင်းရောင်းချလျှက် ရှိကြောင်းသိရပြီး ထိုကိစ္စနှင့် ပတ်သက်၍ စစ်ဆေးအရေးယူရာ၌ အားနည်းနေမှုများရှိကြောင်း တောင်သူလယ်သမား အသင်းမှ ဒေါက်တာစိုးထွန်းက ပြောသည်။

“စိုက်ပျိုးရေးကပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီတွေပဲ ဖြစ်ဖြစ် စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး ပညာပေးကြတယ် ဆိုပေမယ့် မြို့ပေါ်ပိုင်းနဲ့နီးတဲ့ ကျေးရွာတွေ လောက်ကိုပဲ ပညာပေးနိုင်တယ်။ ထဲထဲဝင်ဝင် မပေးနိုင်သေးဘူး။ ဒီတော့ အသိပညာ ဗဟုသုတပိုင်း အားနည်းတယ်။ ဒီမှာ ထဲထဲဝင်ဝင် လုပ်ပေးနိုင်ဖို့လိုပါတယ်” ဟု ဓနုဖြူမြို့နယ်မှ တောင်သူ ဦးသိန်းမောင်က ပြောသည်။

လက်ရှိတွင် တရားဝင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးအရေအတွက်မှာ အမျိုးပေါင်း ၂၀၀ ခန့်သာရှိကြောင်း၊ တရားမဝင် ပိုးသတ်ဆေးများကို ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် ပိုးသတ်ဆေးဝါးဥပဒေနှင့် ၂၀၀၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အပင်ပိုးမွှား ကာကွယ်ရေးဥပဒေများအရ အရေးယူနိုင်ကြောင်း မြန်မာ့ လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့နှင့် မြေသြဇာ ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်အောင်ဝင်းက ပြောသည်။

“မြေသြဇာပိုင်းမှာ အရည်အသွေးနိမ့်တာကို ရောင်းလိုက်ရင် သီးနှံအထွက်နှုန်း လျော့တာပဲရှိမယ်။ ကျန်းမာရေး အတွက်လည်း မထိခိုက်ဘူး၊ စားသုံးသူ မထိခိုက်ဘူး။ ဒါကြောင့်မြေသြဇာဥပဒေမှာ ရဲ အရေးပိုင်တဲ့ ဥပဒေမဟုတ်ဘဲ တရားမကြောင်းအရ ဥပဒေအနေနဲ့ ထားတာပါ။ ပိုးသတ်ဆေးကျတော့ မတူဘူး။ တရားမဝင် တားမြစ်ထားတဲ့ ပိုးသတ်ဆေးတွေ ရောင်းမယ်ဆိုရင် လူ့အသက်ကိုပါ ထိခိုက်စေတယ်။ သုံးစွဲသူကိုကော၊ သုံးစွဲထားတဲ့ သီးနှံကို စားမိသူကိုကော အသက်အန္တရာယ် ထိခိုက် စေပါတယ်။ ဒါကြောင့် ရဲအရေးပိုင် အနေနဲ့ သတ်မှတ်ပြီး ထောင်ဒဏ်ကော၊ ငွေဒဏ်ကော သတ်မှတ်ပြီး အရေးယူပါတယ်” ဟု မြန်မာ့လယ်ယာ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရဲတင့်ထွန်းက ပြောသည်။

လက်ရှိ ဆောင်ရွက်နေသည့် တည်ဆဲဥပဒေများမှာ နိုင်ငံတကာအဆင့်မီ ဥပဒေများဖြစ်ကြောင်း၊ သို့ရာတွင် တောင်သူ လယ်သမားကို ယခုထက် ပိုမိုသော ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်မည့် ဥပဒေများ လိုအပ်နေသေးကြောင်း တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ရှင်းပြသည်။

နိုင်ငံတကာမှ ပိုးသတ်ဆေးများ တရားဝင်မှတ်ပုံတင်ပြီး တင်သွင်းပါက ပိုးသတ်ဆေးများတွင် ပါဝင်သောပစ္စည်း၊ သုံးစွဲရမည့် ပမာဏ၊ သုံးစွဲရမည့် အသေးစိတ် ညွှန်ကြားချက်၊ အရေးပေါ် သတိပေးကြေညာချက်၊ အဆိပ်သင့်ပါက အရေးပေါ်ကုထုံး စသည့် အချက်များကို မြန်မာဘာသာဖြင့်ပြန်ဆိုပြီးမှသာ ထုတ်ခွင့်ရှိကြောင်း၊ ထိုအချက်များဖေါ်ပြမထားပါက ၎င်းမှာ တရားမဝင်သည့် အမှတ်တံဆိပ်ဖြစ်ကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့နှင့် မြေသြဇာဌာနမှ ညွှန်ကြားရေးမှူး ဦးတင်အောင်ဝင်းက ပြောသည်။

“ဝင်လာတဲ့ဆေးတွေက နယ်စပ်ကနေဝင်တာ၊ တရုတ်ဘက်ကကော၊ ထိုင်းဘက်ကကော ဝင်လာတယ်။ အဓိကကတော့ အိမ်နီးချင်းနိုင်ငံတွေက ဝင်နေတာတွေပါ” ဟု မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသတိုးဟိန်းက ပြောသည်။

အဆိုပါ တရားမဝင် ပိုးသတ်ဆေးအန္တရာယ်နှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းနှင့် မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ၈ မျိုးနှင့် မြေသြဇာ ၁၅ မျိုးကို အရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဦးသတိုးဟိန်းထံမှသိရသည်။

“ဓာတ်ခွဲခန်းက လက်ရှိမြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး စစ်လို့ရတာဆိုရင် ပုဂ္ဂလိကဆို မြန်မာ့သြဘာက ဓာတ်ခွဲခန်းရှိတယ်၊ မြန်မာ့စိုက် ပျိုးရေးမှာ ဓာတ်ခွဲခန်းတခုရှိတယ်။ သိပ္ပံနဲ့ နည်းပညာဌာနမှာ တခုရှိတယ်။ ဒီစစ်ဆေးတာတွေ ကိုတော့ မြန်မာ့သြဘာနဲ့ စိုက်ပျိုးဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ပါတယ်။ စစ်တဲ့နမူနာတွေကို ပုံစံပြောင်းပြီး မသမာမူတွေ မရှိအောင် ကုတ်နံပါတ်တွေတပ် စစ်ခဲ့တယ်။ နောက်ပိုင်း ထိုင်းနိုင်ငံဘက်က ဓာတ်ခွဲခန်းကို ပို့နိုင်ဖို့စီစဉ်နေတယ်” ဟု တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ အော်ဂင်းနစ်အဖွဲ့ကလည်း ဟင်းသီးဟင်းရွက်များတွင် ဓာတုဗေဒ ဆေးဝါးသုံးစွဲမှု များပြား နေသည့်အတွက် အစိုးရ အနေဖြင့် စိုက်ပျိုးသူများကို ပညာပေးသင့်ကြောင်း၊ ဟင်းသီးဟင်းရွက် များကို ဓာတု ပိုးသတ်ဆေး ဖျန်းပြီး အနည်းဆုံး ၁၅ ရက်ကြာပြီးမှသာ ခူးဆွတ်၍ ဈေးကွက်တွင် ရောင်းချသင့်ကြောင်း၊ စားသုံးသူ များကလည်း ဟင်းရွက်များကို ရေမဆေးဘဲ အစိမ်းစားခြင်း မလုပ်သင့်ဘဲ ရေဖြင့် သေချာစွာဆေးကြော၍ ကျက်သည်အထိ ချက်ပြုတ် စားသောက်သင့်ကြောင်း အကြံပြုပြောကြား ထားခဲ့သည်။

ပြည်တွင်းတွင်၂၀၁၂ – ၂၀၁၃ ဘဏ္ဍာနှစ်အထိ ဓာတ်မြေသြဇာ ၁၁၂၈ မျိုး နှင့် ပိုးသတ်ဆေး ၂၀၀ ကျော် တရားဝင် မှတ်ပုံတင် ဖြန့်ဖြူးခွင့်ပေးထားကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။

Your Thoughts …
Tags: Agriculture
မေခ

မေခ

ဧရာဝတီ

Similar Picks:

ရေကျချိန် ထပ်မံစိုက်ပျိုးရန် မျိုးစပါး မရှိ

ရေကျချိန် ထပ်မံစိုက်ပျိုးရန် မျိုးစပါး မရှိ

by ရန်ပိုင်
13 September 2012
1.7k

“သမ္မတကြီး ဦးသိန်းစိန် ကျောင်းကုန်းလာတုန်းက ရေက မကျသေးဘူး။ အဲဒီတော့ ရေမြုပ်ဧရိယာ တိတိကျကျ ကွင်းမနင်းနိုင်ဘူး။ အခုတကယ်လည်း ရေကျလို့ ကွင်းနင်းရော ဧကအများကြီး ဖြစ်နေတော့ မျိုးစပါးဝေတဲ့နေရာ ပြဿနာတက်ရော”

မြစိမ်းရောင်

မြစိမ်းရောင် စီမံကိန်း အစိုးရသစ် ဆက်လုပ်မည်

by ထက်နိုင်ဇော်
9 July 2016
26.6k

ဆင်းရဲတဲ့ အလုပ်လက်မဲ့ လူတန်းစား၊ ခိုကိုးရာမဲ့တဲ့ လူတန်းစား၊ အားကိုးရမဲ့တဲ့ လူတန်းစားအတွက် အကူအညီပျောက်နေတဲ့ ဟာကွက်တခုကို ဖြည့်တဲ့ လုပ်ငန်း ဖြစ်နေတော့ ဒီလုပ်ငန်းက တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ အရင် အစိုးရရဲ့ ကောင်းတာတွေကို ဆက်အားပေးသွားမှာ...

ဒေါက်တာ ထွန်းဝင်း

အစိုးရသစ် လက်ထက်တွင် ဆည်အသစ် ထပ်မံ မတည်ဆောက်တော့ဟုဆို

by ထက်နိုင်ဇော်
11 July 2016
7.2k

ထွန်းဝင်းက“၈၈ ကတည်းက ဆည်တွေ ဆောက်လာလိုက်တာ ပိုက်ဆံတွေ သောက်သောက်လဲ ကုန်တယ်။ လယ်သမားတွေအတွက် အကျိုး ရှိလား၊ ဆန်စပါးတွေ အထွက်တိုးလား သွားကြည့်။ ဆည်ရေသောက် စပါးက ၁၀ ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းပဲ။ ၉၀...

တောင်သူလယ်သမား အကာအကွယ်ပေးရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းမည်

တောင်သူလယ်သမား အကာအကွယ်ပေးရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းမည်

by ချစ်ဆု
4 April 2013
2.3k

တောင်သူ အကာ အကွယ်ပေးရေး ဥပဒေတွင် လယ်သမားများ ရင်ဆိုင်နေရသော အကြွေးသံသရာ၊ ဆင်းရဲမွဲတေမှု အပါအ၀င် အခက်အခဲများ လျော့ချပေးမည့် ပြဋ္ဌာန်းချက်များ ပါဝင်မည်ဖြစ်သည်။

နိုင်ငံတော် အရန်ဆန်အတွက် ရခိုင်ပြည်နယ်မှ တန် ၂၆၀၀ ကျော် ဝယ်မည်

နိုင်ငံတော် အရန်ဆန်အတွက် ရခိုင်ပြည်နယ်မှ တန် ၂၆၀၀ ကျော် ဝယ်မည်

by ငြိမ်းချမ်း
7 February 2013
7k

အရန်ဆန် ဝယ်ယူရေး ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဦး ကနေပြီးတော့မှ ရခိုင်ပြည်နယ်မှာ တန် ၂ ထောင်၊ ၃ ထောင်လောက် ဝယ်ချင်လို့ အဆိုပြုပါတယ်။ အဆိုပြုတော့ အဲဒီနေ့မှာပဲ ၂၆၅၀ တန်ကို စာချုပ်ချုပ်ပြီးတော့မှ...

အစိုးရက အရန်ဆန် တန် ၂ သောင်း ဝယ်မည်

by သန့်စင်ငြိမ်းချမ်း
24 November 2012
1.3k

တင်ဒါစည်းကမ်းတွေက တဖတ်သတ်ဖြစ်နေတယ်။ မျှတမှု မရှိဘူးပေါ့ဗျာ။ ဒီစည်းကမ်းတွေနဲ့ဆိုရင် ဒေသခံ ဆန်စက်လုပ်ငန်းရှင်တွေ ကုန်သည်တွေ အလုပ်မလုပ်နိုင်ကြဘူး

Next Post
လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ အတွေ့အကြုံများ (ရုပ်/သံ)

လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ အတွေ့အကြုံများ (ရုပ်/သံ)

မြန်မာပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးမှာ ဘာပြဿနာတွေ ရှိနေလဲ

မြန်မာပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးမှာ ဘာပြဿနာတွေ ရှိနေလဲ

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.6k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate