သတင်းတို

ရေကျော်ဗလီ မီးလောင်မှု ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ရန် အမေရိကန်သံအမတ်ကြီး တိုက်တွန်း

This article has been converted from Zawgyi One to Unicode

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ရေကျော် ဗလီနှင့် စာသင်ကျောင်း မီးလောင်မှုကြောင့် ကလေး ၁၃ ဦးသေဆုံးခဲ့ရသည့်အတွက် အာဏာပိုင်များအနေဖြင့် လူ့အဖွဲ့အစည်းများနှင့် လက်တွဲကာ မှန်မှန်ကန်ကန်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ထုတ် ပေးပါရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်က တိုက်တွန်းကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်သည်။ သေဆုံးခဲ့ကြသူများ၏ မိသားစုနှင့်တကွ စာသင်ကျောင်း၊ အစ္စလမ် လူ့အဖွဲ့အစည်းများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကျေကွဲရပါကြောင်း၊ ဒဏ်ရာရသူများလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေရန်ဆုတောင်းကြောင်း ၎င်းထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

Loading