သတင်းတို

ရေကျော်ဗလီ မီးလောင် လူသေဆုံးမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၁၀ ရပ်ကွက် ၄၈ လမ်း ရှိ ဆော်ဒီကီးရား ရေကျော်ဗလီ ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မီး လောင်မှု ဖြစ်ပွားပြီး ကလေးငယ် ၁၃ ဦး သေဆုံးခြင်း နှင့် ပတ်သက်၍ အဖွဲ့ဝင် ၇ ဦးပါသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း တာ ဝန် ပေးအပ် လိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်း အဖွဲ့တွင် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ် အားပေးရေး အဖွဲ့ မှ ဦးတိုးအောင် အဖွဲ့ခေါင်းဆောင် အဖြစ်ပါဝင်ပြီး မီးလောင်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အကြောင်း ရင်း စိစစ်ဖော်ထုတ်၍ စိစစ်ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များနှင့် အတူ ၅-၄-၂၀၁၃ နောက်ဆုံးထား တင်ပြရမည်ဖြစ်ကြောင်း သိရ သည်။ ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းရဲတပ်ဖွဲ့တို့က သတင်းစာရှင်းလင်းပွဲ ကျင်းပသည်။

Loading