သတင်းတို
အင်ဒိုနီးရှား-မြန်မာ ကုန်သွယ်မှု ၂၀၁၆ ၌ ဒေါ်လာ သန်း ၁၀၀၀ အထိရည်မှန်း
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ အထိ ရည်မှန်း ထားကြောင်း သိရသည်။ အင်ဒိုနီးရှား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီး H.E.Mr.Hatta Rajasa နှင့် သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေးနှင့် ကုန်သွယ်မှု ပမာဏ နှစ်ဆ တိုးမြှင့်ရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ပါရှိသည်။ ထို့အပြင် အင်ဒိုနီးရှား နိုင်ငံမှ PT Wijaya Karya (Wika)ဆောက်လုပ်ရေး ကုမ္ပဏီ၊ PT Timahသတ္တု တူးဖော်ရေး ကုမ္ပဏီ နှင့် PT Semen Indonesia ဘိလပ်မြေ ကုမ္ပဏီ ၃ ခုသည်လည်း မြန်မာနိုင်ငံ၌ လုပ်ကိုင်ခွင့် လိုင်စင် မှတ်ပုံတင်ထားပြီးကြောင်း ဘနားမား သတင်းတပုဒ်၌လည်း ဖော်ပြထားသည်။