သတင်းတို
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်ရောက်ရှိ
This article has been converted from Zawgyi One to Unicode
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် ဇနီးတို့ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ခရီးစဉ်နှင့် တွေ့ဆုံမည့် အစီ အစဉ် အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပါ။ ဂျင်မီကာတာသည် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည့် ၃၉ ဦးမြောက် အမေရိကန် သမ္မတ ဖြစ်သည်။ ၎င်းသည် အမေရိကန် ဒီမိုကရက်တစ် ပါတီမှ သမ္မတ ဖြစ်လာသူဖြစ်သည်။