ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ဘာသာပေါင်းစုံမှ လူငယ်များက ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပညာပေး လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် လှည်းတန်း၊ မြေနီးကုန်း၊ မင်္ဂလာဈေး စသည့် နေရာများတွင် ဧပြီလ ၅ ရက်၊ မနက် ၈ နာရီတွင် “သင့်ကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပါစေနှင့်” ၊ “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပါစေရ” ဆိုသော အကျီ ၤများဝတ်ဆင်၍ စတစ်ကာများ လိုက်လံ ဝေငှမည် ဖြစ်သည်။ ပညာပေးလှုပ်ရှားမည့် လူငယ် အဖွဲ့များမှာ မဇ္ဈိမ Youth Network ၊ Myanmar Youth Empowerment Program (MYEP) ၊ ပန်းပျိုးလက်နှင့် ခရစ်ယာန် လူငယ်အဖွဲ့တို့ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။