မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း မိုဗိုင်းလ် ဖုန်းများကို ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချမည့် မိုဗိုင်းလ်ဖုန်း အမျိုးအစားမှာ CDMA – 800 Mhz ဖြစ်ပြီး ဖုန်းဆင်းကတ် တခု အတွက် ကျပ် ၁၅၀၀ ဈေးနှုန်း သတ်မှတ်ထားကြောင်း၊ ဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ကြိုတင် ထည့်သွင်း ထားကြောင်း၊ နိုင်ငံတဝန်းလုံးသာမက နိုင်ငံရပ်ခြားကပါ ဆက်သွယ် ပြောဆိုနိုင်ကြောင်း၊ လစဉ် ဖုန်း ၃၅၀၀၀၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ နောက်လများတွင် GSM (2.75 G) , WCDMA(3G) ဖုန်းများကိုလည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ရောင်းချမည့် အစီအစဉ်ကို ထပ်မံ ကြေညာမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။