သတင်း

တောင်သူလယ်သမား အကာအကွယ်ပေးရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများကို အကာအကွယ်ပေးသည့် ဥပဒေတရပ်ကို ရေးဆွဲသွားမည်ဖြစ်ပြီး ယင်းဥပဒေတွင် တောင်သူ လယ်သမာများကြုံတွေ့နေရသည့် အကြွေးပြသနာ၊ ဆင်းရဲမွဲတေမှုများကို လျော့ချနိုင်မည့် ပြဋ္ဌာန်းချက်များထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်နေပြည်သူများဖြစ်ပြီး တောင်သူလယ်သမား လူတန်းစား အများစုပါဝင်နေကြောင်း၊ လက်ရှိတွင် တောင်သူလယ်သမားများသည် အကြွေး သံသရာလည်နေပြီး ဆင်းရဲမွဲတေမှုများကို ရင်ဆိုင်နေရကြောင်း၊ တောင်သူလယ်သမားများကို အကာအကွယ် ပေးမည့်ဥပဒေတရပ်ကို လွှတ်တော်က ရေးဆွဲ ပြဋ္ဌာန်းရန် စီစဉ်နေပြီး ယင်းဥပဒေတွင် တောင်သူလယ်သမား များ ကြုံတွေ့ရသည့် ပြသနာများကို လျော့ပေါ့ပေးနိုင်မည့် ပြဋ္ဌာန်းချက်များ ပါဝင်မည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့ နေပြည်တော်၊ ပြည်သူ့လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သော တောင်သူလယ်သမားအကာအကွယ်ပေးရေးဥပဒေဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောသည်။

“လယ်သမားတွေရဲ့အကြွေးတွေလျော့ပြီးဆင်းရဲမှုလျော့ချနိုင်ဖို့အတွက်ဥပဒေထဲမှာထည့်သွင်းရေးဆွဲသွားမှာပါ။ စိုက်ပျိုးရေးသီးနှံတွေနဲ့ပတ်သက်လို့ သူတို့ဝင်ငွေကောင်းလာဖို့ တွက်ခြေကိုက်မယ့် ဈေးနှုန်း တွေဖြစ်ဖို့ကိုလည်း ဥပဒေထဲမှာထည့်သွားမှာပါ”ဟု ဦးချစ်ခိုင်က ဆိုသည်။

အစိုးရခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားများသည်  စိုက်ပျိုးရေးစီမံချက်များအရ အစိုးရက စေခိုင်းသော စိုက်ပျိုးရေးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရခြင်း၊ ပွင့်လင်းမြင်သာသော ဈေးကွက် စီးပွားရေးစနစ် ဖြစ်ထွန်းလာမှု မရှိခြင်း၊ လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိခဲ့ခြင်း အပါအဝင် ပြသနာများစွာ ကြောင့် ခေတ်အဆက်ဆက် ဆင်းရဲနိမ့်ကျခဲ့ပြီး ဆင်းရဲမှုနှုန်းမြင့်တက်နေကြောင်း လယ်သမားများ၏ အရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးမြင့်သွင်က ပြောသည်။

“အစိုးရက စပါးစိုက်ရမယ်၊ ငရုတ်စိုက်ရမယ် ဆိုပြီး ရာသီအလိုက် စိုက်ပျိုးခိုင်းတဲ့သီးနှံတွေကို တောင်သူက စိုက်ရတယ်။ အစိုးရစနစ်ကကြိုးကိုင်တဲ့ အပေါ်မူတည်ပြီး  စိုက်ပျိုးရေး လုပ်နေရတယ်။ တကယ်ဆိုရင် ဈေးကွက်တွက်ခြေ ကိုက်တဲ့သီးနှံကို တောင်သူတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ စိုက်ပျိုးခွင့်၊ရောင်းချခွင့်တွေပေးရမယ်”ဟု ၎င်းက ဆိုသည်။

အစိုးရ၏ မြန်မာ့စိုက်ပျိူးရေးဘဏ်က တောင်သူများကို ချေးငွေများ ထုတ်ချေးသော်လည်း ဆင်းရဲမွဲတေမှုနှင့် အကြွေးသံသရာလည်မှုကို မဖြေရှင်းနိုင်ကြောင်း၊ တောင်သူများ တွက်ခြေကိုက်မည့် ဆန်စပါးအခြေခံဈေးနှုန်းကိုသတ်မှတ်ပေးမှသာလျှင် တောင်သူလယ်သမားများ ပိုမိုအဆင်ပြေနိုင် တွံ့တေးမြို့နယ်၊သဝန်းတောကျေးရွာမှ တောင်သူဦးဌေးကြွယ် က ပြောသည်။

“စိုက်ဘဏ်ကချေးငွေက စိုက်ပျိုးစရိတ်အတွက်  မသုံးရဘူး။ အပြင်ကအကြွေးတွေ ကိုရှင်းနေရတာ။ အခုက လယ်သမားတိုင်းအဆင်မပြေကြ ဘူး။ တရုတ်နိုင်ငံကလည်း ဓာတ်မြေသြဇာသုံးတာများ လို့ဆိုပြီး ဒီကဆန်စပါးကို မဝယ်ဘူး။ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေတော့ အခြေခံဈေးနှုန်း မသတ်မှတ်ရင် ဘယ်လိုမှ အဆင်မပြေဘူး။ ဘယ်လိုမှတွက်ခြေ မကိုက်ဘူး”ဟု တောင်သူဦးဌေးကြွယ်က ဆိုသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကမူ တောင်သူလယ်သမားများ၏ ဆင်းရဲမှုနှုန်း လျှော့ချရေးအတွက်နှစ်ရှည်ချေးငွေများ ကိုအတိုးနှုန်းသက်သာစွာ ထုတ်ချေးရန် လိုအပ်ပြီး ၊စိုက်ပျိုးသီးနှံများ ရာသီဥတုကြောင့်ပျက်စီးဆုံးရှုံးမှု အတွက်အာမခံသည့် စနစ် အကောင်အထည်ဖော်ခြင်း အပါအဝင် လယ်သမားများ၏ဘ၀ သက်သာချောင်ချိရေးကို ဦးတည်သော ပြဋ္ဌာန်းချက်များ ဥပဒေတွင် ပါဝင်သည့်ဟု အကြံပြုသည်။

တောင်သူလယ်သမားများ၏ဆင်းရဲနွမ်းပါးမှုနှုန်း ကို လျှော့ချရန် အစိုးရတခုတည်းဖြင့် မလုပ်ဆောင်နိုင်ဘဲ အရပ်ဖက်အဖွဲ့အစည်းများနှင့်  တရားဝင်ပူးပေါင်းဆောင်ရွက်ရန်  အလွန်အရေးကြီးသည်ဟု ရှေ့နေ ဦးမြင့်သွင်က ဆိုသည်။

“ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့အစိုးရက အကုန်လိုက် လိုက်မလုပ်ပေးနိုင်ဘူး ။ ဟိုးအောက်ခြေထိ ဆင်းနိုင်ဖို့ဆိုရင်၊ အောက်ခြေက အခြေအနေတွေကို သိနိုင်ဖို့ဆိုရင်  အစိုးရမဟုတ်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်” ဟု ဦးမြင့်သွင်က ရှင်းပြသည်။

နေပြည်တော်တွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော တောင်သူလယ်သမားအကာအကွယ်ပေးရေး ဥပဒေ ရေးဆွဲရေး ညှိုနှိုင်း ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားနှင့် ဆန်စပါးအသင်းများ၊ တောင်သူလယ်သမားများတက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်က လည်း  ဥပဒေရေးဆွဲရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading