ပုဂံ ဒေသ၌ ယူနန် ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူး
This article has been converted from Zawgyi One to Unicode
တရုတ်နိုင်ငံ ယူနန် ရုပ်မြင်သံကြားဌာနက ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ မတ် ၂၈ ရက်မှ ဧပြီ ၄ ရက်အထိ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ရိုက်ကူးနေကြောင်း သတင်းရသည်။ “ဒဏ္ဍာရီထဲက တေးကဗျာ” အမည်ရှိ ယင်းဇာတ်လမ်းတွဲသည် မြန်မာနိုင်ငံ ပျူခေတ်၊ တရုတ်နိုင်ငံ ထန် မင်းဆက်ခေတ် ၈၀၂ ခုနှစ်၊ တရုတ်နိုင်ငံရောက် ပျူ သံတမန်အဖွဲ့ ခရီးသွားမှတ်တမ်း စသည်တို့ကို ဇာတ်လမ်းကျောရိုး ယူ၍ ရိုက်ကူးခြင်း ဖြစ်ကြောင်း၊ ဘုရင် မိဖုရားနေရာနှင့် နန်းတွင်း ကိုယ်ရံတော် စစ်သည်နေရာများ၌ မြန်မာ သရုပ်ဆောင်များကို အသုံးပြုကြောင်း၊ အဓိက သရုပ်ဆောင်များမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး တောင်ကိုရီးယား မင်းသမီး တဦးလည်း ပါဝင်ကြောင်း၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင်လည်း စတူဒီယို ဆောက်၍ ရိုက်ကူးရန် ရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။