သတင်းတို
အင်ဒိုနီးရှား အချုပ်အတွင်း ခိုက်ရန်ဖြစ်ပွား၍ မြန်မာ ၈ ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှားနိုင်ငံ ဆုမတြား မြောက်ပိုင်း ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခုအတွင်း မြန်မာနှင့် မွတ်စလင်များ ယနေ့ နံနက်စောစောပိုင်းက ခိုက်ရန်ဖြစ်ပွားကြရာ ၈ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကြောင်း သိရသည်။ ထိန်းသိမ်းရေး စခန်းတွင် အင်ဒိုနီးရှား ကမ်းခြေသို့ လှေနှင့်ခိုးဝင်သည့် မွတ်စလင် ၁၀၀ နှင့် ငါးခိုးဖမ်းမှုကြောင့် အဖမ်းခံရသည့် မြန်မာ ၁၁ ဦးကို အတူတူချုပ် ထားခဲ့ကြောင်း၊ ၎င်းတို့သည် မြန်မာပြည်တွင် ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး အချင်းများကြခြင်း ဖြစ်ကြောင်း နယ်မြေခံ ရဲ အရာရှိ ကို ကိုးကား၍ AP သတင်းဌာနက ရေးထားသည်။