သတင်းတို
ဥရောပနှင့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု မြန်မာမိုဗိုင်းလ် ဈေးကွက်ဝင်မည်
This article has been converted from Zawgyi One to Unicode
လန်ဒန် အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီးတခု ဖြစ်သည့် Vodafone ကုမ္ပဏီနှင့် တရုတ်နိုင်ငံ China Mobile ကုမ္ပဏီကြီး နှစ် ခုသည် မြန်မာ မိုဗိုင်းလ်ဖုန်း ဈေးကွက်ကို ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။ လူဦးရေ သန်း ၆၀ ခန့်ရှိ မြန်မာနိုင်ငံ၌ မိုဗိုင်းလ် ဖုန်း အသုံးပြုသူ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်အတွင်း ၈၀ ရာခိုင်နှုန်းခန့် ရှိလာနိုင်သည်ဟူသော ဈေးကွက် မျှော်မှန်း ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ လာမည့် ဇွန်လတွင် လိုင်စင်မှတ်ပုံတင်မည်ဟုမျှော်လင့်ရကြောင်း ဘီဘီစီ သတင်း တပုဒ်၌ ပါရှိသည်။