သတင်းတို

အစိုးရနှင့် KIO တွေ့ဆုံရက် ထပ်မံ ရွှေ့ဆိုင်း

This article has been converted from Zawgyi One to Unicode

ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့တို့သည် ယခုလ ၆ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း သင်္ကြန်နောက်ပိုင်းသို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း သိရ သည်။ ယင်း ဆွေးနွေးပွဲသို့ လေ့လာသူများ အနေနှင့် တက်ရောက်သူများ မစုံညီသေးဟု ဆိုကာ ယမန်နေ့ ည ၉ နာရီခန့်က KIO အဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် အကြောင်းကြားထားသည်ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးစန်းအောင်က ဧရာဝတီ သို့ ပြောသည်။

Loading