မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌန(Myanmar Peace Centre) ၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်ရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ (Community Dialogue for Social & Stability in Myanmar) သို့ သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရက ငြိမ်းချမ်းရေး သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ယနေ့ထုတ် သတင်းစားများတွင် အပြည့်အစုံ ဖော်ပြထားသည်။ ယင်း သဝဏ်လွှာတွင် မည်သည့် အကြမ်းဖက်မှုမျိုးကို မဆို ဘာ သာရေး ခေါင်းဆောင် တယောက် အနေနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ဆူပူသောင်းကျန်းမှု အားလုံးကို ဝိုင်းဝန်းတားဆီးကြ ရန်၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို ဝိုင်းဝန်းတည်ဆောက်ကြရန် တိုက်တွန်းထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။