ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ရေး စီမံ ကိန်းနှင့် ပတ်သက်၍ အခွင့်အရေးများ ဆုံးရှုံးခြင်း၊ တည်ဆောက်ပုံ ညံ့ဖျင်းခြင်းတို့ကြောင့် လုံခြုံမှုအတွက် စိုးရိမ်ရ၍ ပိုက်လိုင်းကို ရွှေ့ပြောင်းပေးရန် ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုမှုများကို တရုတ် အာဏာပိုင်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဟု ယနေ့ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ရှမ်းသဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ရှမ်း လူငယ်ကွန်ရက်တို့ ပူးပေါင်းပါဝင်သည့် ရှမ်းလူထု အခြေပြု အဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောကြားခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်း ယနေ့ တောင်သူ လယ်သမား ၁၀၀၀၀ ခန့် ကိုယ်စားပြုသည့် ရှမ်းတောင်သူလယ်သမား ကော်မတီမှ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။