သတင်းတို
လှည်းတန်းခုံးကျော် တံတား ဧပြီ ၁၀ ရက်မှ စတင် အသုံးပြုနိုင်ပြီ
This article has been converted from Zawgyi One to Unicode
ကမာရွတ်မြို့နယ်တွင် တည်ဆောက်နေသည့် လှည်းတန်းခုံးကျော် တံတား အချောသပ် လုပ်ငန်း မပြီးပြတ်သေးသော်လည်း ဧပြီ ၁၀ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ယင်းခုံးကျော် တံတားသည်အရှည် ၂၅၀၇ ပေ၊ အကျယ် ၉၈ ပေ ၈ လက်မနှင့် အမြင့် ၁၈ ပေရှိပြီး အဆိုပါတံတား စတင် အသုံးခွင့်ရလျှင် မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှုများ အနည်းငယ် ဖြေလျော့နိုင်မည်ဟု ယာဉ်မောင်းနှင်သူတို့က သုံးသပ်နေကြသည်။