သတင်းတို

Nok Air မဲဆောက်-မော်လမြိုင် ပျံသန်းမည်

This article has been converted from Zawgyi One to Unicode

ထိုင်း လေကြောင်းလိုင်း တခုဖြစ်သည့် Nok Air လေကြောင်းလိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ နောက် ၃ လခန့်တွင် တရက် လေယာဉ် ၂ စင်းဖြင့် စတင်စမ်းသပ် ပျံသန်း မည်ဖြစ်ကြောင်း၊ လေယာဉ်များမှာ ခရီးသည် ၃၄ ဦးခန့် တင်ဆောင်နိုင်သည့် လေယာဉ်ငယ်များ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထားသည်။ Nok Air လိုင်းသည် အောက်တိုဘာလတွင် ဘန်ကောက်-ရန်ကုန် ခရီးစဉ်လည်း ပြေးဆွဲရန်ရှိပြီး စရိတ်သက်သာသည့် လေကြောင်းလိုင်း တခု ဖြစ်ကြောင်းလည်း သိရသည်။

Loading