သတင်းတို
ရခိုင်ဒေသ ဒုက္ခသည် ၁ သိန်းကျော်အရေး ဆွေးနွေး
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသော ဒုက္ခသည် ၁ သိန်း ကျော် ၏ စားရေရိက္ခာနှင့် အမိုးအကာများ ဖူလုံရေး မိုးမကျမီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုသည်။ အမိုးအကာများ အချိန်မီပြီးစီးရေး အပြင် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း စသည့် အသက်မွေးဝမ်းကျောင်းများ အတွက် အကောင်အထည်ဖော် ဆောင်ရွက် တာဝန်ရှိကြောင်းနှင့် ဒေသခံများ အနေနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သမ္မတက ပြောဆိုကြောင်း မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။ ယမန်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည် ဖော်ဆောင် ရေး ကော်မတီတွင် ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။