သတင်းတို

ရေကျော် ဗလီ မီးလောင်မှု ဗလီဆရာ ၂ ဦးကို အရေးယူမည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ ၄၈ လမ်း ရေကျော် ဗလီ မီးလောင်မှုနှင့် ပတ်သက်ပြီး ဗလီဆရာ ၂ ဦးကို အရေးယူသွားရန်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြားခြင်း ဖြစ်သည်။ ဧပြီ ၂ ရက် နံနက် ၃ နာရီခန့်က ယင်းဗလီ မီး လောင်ရာ ဗလီအတွင်းရှိ ကလေး ၁၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ မီးလောင်ရခြင်းမှာ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ လောင် ကျွမ်းရခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ရှင်းလင်း ပြောဆိုထားသည်။

Loading