သတင်းတို

တိုင်းရင်းသား ဒေသများသို့ ဆန်နှင့် စားနပ်ရိက္ခာ ၁၇၅၅၄၄ တန် ဖြန့်ဝေမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP)က ငြိမ်းချမ်းရေးဆောင်ရွက်ဆဲ တိုင်းရင်းသား ဒေသများနှင့် နယ်စပ်ဒေသများရှိ အာဟာရ ချို့တဲ့မှု အပါအဝင် အခက်အခဲများ ကြုံတွေ့နေရသော ပြည်သူများ၏ ပြန်လည် ထူထောင်ရေး နှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် အမေရိကန် ဒေါ်လာ ၁၆၇.၆၉ သန်း အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းအကူအညီ ငွေဖြင့် ဆန် နှင့် စားနပ်ရိက္ခာ စုစုပေါင်း ၁၇၅၅၄၄ တန် ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း ၊ ကရင် နှင့် မွန်ပြည်နယ်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဖြန့်ဝေသွားမည် ဖြစ်ကြောင်း၊ ယမန်နေ့က နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် WFP တာဝန်ရှိသူတို့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ဆိုင်ရာ လက်မှတ်ရေးထိုးမှု သတင်း၌ ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading