ရခိုင်ဒေသ တခုလုံး ၂၄ နာရီ လျှပ်စစ်မီးရရှိရေး စီစဉ်နေ
This article has been converted from Zawgyi One to Unicode
လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသော ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။ အိန္ဒိယမှ ဝယ် ယူ ထားသော (၂၃၀/၁၃၂/၁၁)ကေဗီ(၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံး နှင့် ဆက်စပ် ပစ္စည်း များ ရန်ကုန်မြို့အေးရှားဝေါ်လ် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဧပြီ ၈ ရက်က သဘောၤ ပေါ်မှ ချ၍ သက်ဆိုင်ရာ တည်ဆောက်ရေး စီမံ ကိန်းများသို့ ပို့ဆောင်လျက်ရှိကြောင်း၊ စီမံကိန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှစတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ စီမံကိန်းများမှာ ဥသျှစ်ပင်-တောင်ကုတ် ၊ မန်း-အမ်း ၊ တောင်ကုတ်-မအီ-ကျောက်ဖြူ ၊ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း စသည့် ဓာတ်အားလိုင်း နှင့် ပင်မ ဓာတ်အားခွဲရုံ စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။