“ကျွနု်ပ်ကြောင့် ဘာသာရေး ပဋိပက္ခမဖြစ်စေရ”ဟူသောတီရှပ်များ၊စတစ်ကာများကိုအခမဲ့ ဖြန့်ဝေခဲ့သောPray For Myanmar Youth Network (မြန်မာပြည်အတွက် ဆုတောင်းရေးကွန်ရက်) အဖွဲ့အစည်းက၎င်းတို့ကိုမည်သည့် နိုင်ငံရေးပါတီ၊နိုင်ငံရေး အဖွဲ့အစည်းများကမှ ထောက်ပံ့နေခြင်းမရှိဟုဧပြီ ၁၀ ရက်နေ့ညနေ၃ နာရီတွင် ကျင်းပ ခဲ့သောငြိမ်းချမ်းရေး အနုပညာပြပွဲနှင့် စာနယ်ဇင်းရှင်း လင်းပွဲ၌ပြောကြားခဲ့သည်။
facebook ကဲ့သို့သောလူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင်Pray for Myanamr အဖွဲ့အစည်း၏နောက်ကွယ်၌နိုင်ငံရေး ပါတီများ၊နိုင်ငံရေး အကျိုးအမြတ်ရလိုသော အဖွဲ့အစည်းများကထောက်ပံ့ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်းမျိုး ရှိသည်ဟူသော ဝေဖန်ချက်များ ပျံ့နှံ့နေခဲ့ခြင်းကြောင့်ယခုကဲ့သို့သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ တာဝန်ခံတဦးဖြစ်သူကိုနိုင်ဦးက ဆိုသည်။
“ကျနော်တို့ လူငယ်တွေသုံးမယ့်စားမယ့် ပိုက်ဆံတွေကိုစုပြီးဒီအဖွဲ့အစည်းထဲကိုထည့်တာပါ။တခြား ဘယ်နိုင်ငံရေးပါတီ၊နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့အနှောင်အဖွဲ့တွေမှ မရှိပါဘူး။ဒီအဖွဲ့ထဲမှာပန်းပျိုးလက်တို့၊Myanmar YEP တို့လိုလူမှု အဖွဲ့အစည်းတွေ ကလည်းပါတော့အဲဒီအဖွဲ့အစည်းတွေရဲ့ရန်ပုံငွေကိုပေါင်းလိုက်ရင်အဲဒါတွေ လုပ်ဖို့လုံလောက်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
လူမှုကွန်ရက် စာမျက်နှာတချို့ပေါ်တွင်ငြိမ်းချမ်းရေး လှုပ်ရှားမှုအနေဖြင့်ဘာသာပေါင်းစုံ ဆုတောင်းပွဲများပြုလုပ်ခြင်း၊စတစ်ကာများ၊ တီရှပ်များအခမဲ့ ဖြန့်ဝေခြင်းတို့ကိုလူငယ်များသာ စုပေါင်းထားသောအဖွဲ့အစည်းငယ် တခု၏ ရန်ပုံငွေဖြင့်ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း၊နောက်ကွယ်တွင် ပံ့ပိုးသောအဖွဲ့အစည်းများ ရှိရ မည်ဖြစ်ကြောင်းဝေဖန် ရေးသား ထာခြင်းမျိုး တွေ့ရှိရ သည်။
“လှည်းတန်းမှာစတေကာတွေ ဝေတုန်းကလူတယောက်ဘတ်စ်ကားပေါ်က ဆင်းလာပြီးညီလေးတို့လုပ်တာကိုအရမ်း သဘောကျလို့တသောင်းခွဲ လာလှူတာပါ၊ ယူပါဆိုတာမျိုး ကိုတော့ ထောက်ပံ့တယ် လို့ပြောလို့ မရပါဘူး။ ငြိမ်းချမ်းရေးကို လိုလားလို့ ဝိုင်းကူတဲ့အလှူမျိုးကိုလက်ခံပြီးစာရင်းနဲ့လည်း မှတ်ထားပါတယ်” ဟု Pray for Myanamar youth network အဖွဲ့၏တာဝန်ခံ တဦးဖြစ်သူကိုသက်ဆွေဝင်းက ပြောသည်။
Pray For Myanmar Youth Network အဖွဲ့အစည်းတွင်ဘာသာပေါင်းစုံ၊ လူမှုအဖွဲ့အစည်း ပေါင်းစုံတို့မှလူငယ်များပါဝင်ပြီးမတ်လ ၂၈ ရက်နေ့ကYMCA တွင်ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ငြိမ်းချမ်းရေး လှုပ်ရှားမှုအနေဖြင့်စတင်ပြုလုပ်ခဲ့၍လှည်းတန်း၊ မြေနီကုန်း၊မင်္ဂလာဈေးနှင့် ဗိုလ်တထောင်မြို့နယ် တို့တွင်“ကျွနု်ပ်ကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်စေရ” စာတန်းပါတီရှပ်များ၊ စတေကာများ“ဘာသာလူမျိုးမခွဲခြားမြန်မာနိုင်ငံသား” ဟူသောလက်ကမ်း ပိုစတာများကိုအခမဲ့ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့သည်။
စာနယ်ဇင်းရှင်းလင်းပွဲသို့တက်ရောက်လာသောအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်က“နိုင်ငံအတွက်၊နိုင်ငံသားတွေ အတွက်လုပ်ပေးတဲ့ ဒီအဖွဲ့အစည်းကိုကျမ အနေနဲ့ ကြိုဆိုပါတယ်။လိုအပ်တဲ့ အကူအညီကိုကျမ ပေးချင်ပါတယ်” ဟု ဆိုသည်။
Pray for Myanmar အဖွဲ့ အနေဖြင့်ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင်သာမကမြန်မာနိုင်ငံအန့ှံတွင်ငြိမ်းချမ်းရေး လှုပ်ရှားမှုများပြုလုပ်သွား မည်ဖြစ်ပြီးနယ်မြို့များမှ စတစ်ကာများ၊ တီရှပ်များ ပို့ပေးရန်ဆက်သွယ်မှာယူ လာခြင်းမျိုးလည်း ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ရက်၏ ငြိမ်းချမ်းရေး အနုပညာပြပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲကိုယခုလ ၁၀ ရက်တွင် ရန်ကုန်ရှိ Craystal Jade စားသောက်ဆိုင်၌ပြုလုပ်ခဲ့ပြီးငြိမ်းချမ်းရေး ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ပါဖော့မန့်များ ပြုလုပ်ခြင်းနှင့်ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်းတို့ဖြင့် ပြုလုပ် ကျင်းပခဲ့သည်။