မိတ္ထီလာမြို့ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သော နယူးဝိန့်စိန် ရွှေဆိုင်မှ လူ ၃ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်သည်။ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး ခေါ် အာရှစ်၊ ဒေါ်မြင့်မြင့်အေး နှင့် အလုပ်သမား ညီညီ ခေါ် မင်းအောင်တို့ကို ယမန်နေ့က မိတ္ထီလာမြို့နယ် တရား ရုံးက ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ပါရှိသည်။ မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ဆူပူအကြမ်းဖက်မှုတွင် ရပ်ကွက် ၁၂ ခုရှိ လူနေအိမ် တိုက်တာ ၂၀၆ လုံး၊ ပျဉ်ထောင်မိုး၊ ကပ် ကာ ၆၆၄ လုံး၊ တဲ ၁၉၄ လုံး၊ ဘာသာရေး အဆောက်အုံ ဗလီ ၁၀ ခု၊ အစ္စလမ် ဘာသာရေးကျောင်း ၅ ခုနှင့် ဆိုင်ခန်း ၃၆ ခန်း ပျက်စီး သွားခဲ့ပြီး ပဋိပက္ခ အတွင်း သေဆုံးသူများမှာ ၃၆ ဦး ရှိ၍ ဒဏ်ရာရရှိသူ ၅၂ ဦးရှိကြောင်း၊ ကယ်ဆယ်ရေး စခန်း ၅ ခုတွင် ဘာသာပေါင်းစုံမှ ဒုက္ခသည် ၉၉၇၉ ဦး ရှိကြောင်း မန္တလေး သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီက သတင်းထုတ်ပြန် ထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။