သတင်းတို

ပိုမိုရင်းနှီးမြှုပ်နှံရန် ဂျပန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများ၌ ပိုမို ရင်းနှီးမြှုပ်နှံရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း သိရသည်။ ယမန်နေ့က တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida နှင့် တွေ့ဆုံပြီး ထို သို့ ပြောဆိုခြင်း ဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန် လွှတ်တော်များကိုလည်း သွားရောက်လေ့လာကြောင်း၊ ဂျပန်ရောက် မြန်မာအသိုင်း အဝိုင်းနှင့်လည်း တွေ့ဆုံမည် ဖြစ် ကြောင်း၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်လည်း သီးခြားတွေ့ဆုံရန်ရှိကြောင်း၊ ယနေ့တွင် တိုကျို တက္ကသိုလ်၌ မိန့်ခွန်းပြောရန် ရှိကြောင်း သိရသည်။ ၎င်းသည် ဂျပန်နိုင်ငံသို့ ဧပြီ ၁၃ ရက်က ၁၉ ရက်အထိ ခရီးစဉ် သွားရောက်နေခြင်း ဖြစ်သည်။

Loading