သတင်းတို

၀န်ကြီး ဦးအောင်မင်းနှင့် ဗြိတိန် ဝန်ကြီးချုပ်တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ဗြိတိန် နိုင်ငံခြား ရေး ဝန်ကြီး ဝီလျံ ဟိတ်တို့ ယမန်နေ့က တွေ့ဆုံကြောင်း သတင်းရသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံ ရေး၊ စီးပွားရေး အခြေအနေများနှင့် ပတ်သက်ပြီး ပြောဆို ဆွေးနွေးကြကြောင်း၊ ထို့အပြင် ဧပြီလအတွင်း ပြန်လည်သုံးသပ်ရန် ရှိသည့် ဥရောပ သမဂ္ဂ က မြန်မာအပေါ် ပိတ်ဆို့အရေးယူ ထားမှုတချို့ နှင့် ပတ်သက်၍လည်း ဆွေးနွေးကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သည် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လေ့လာရန် အိုင်ယာလန် နိုင်ငံသို့ လည်း သွားရောက်ကြောင်း သိရသည်။

Loading