ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ယမန်နေ့ နေ့လည်က လေးမြို့မြစ်တွင် စက်လှေနှင့် ဂုဏ်ကျွန်းရွာမှ ဆင်အိုးချေရွာသို့ အပြန် မိုးသည်းထန်ပြီး လှေပြင်းတိုက်ကာ လှိုင်းကြီးသည့်အတွက် စက်လှေ တိမ်းမှောက်သွားသဖြင့် ၃ ဦးသေဆုံးကြောင်း မြောက်ဦးမြို့ခံများထံမှ သိရသည်။ စက်လှေပေါ်တွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁ ဦး ပါရှိကြောင်း၊ မအေးအေးမြင့် (၁၈ နှစ်)၊ မနွယ်နွယ်ဝင်း (၁၇ နှစ်) နှင့် မောင်မောင်ဝင်း (၁၈ နှစ်) တို့ သေဆုံးပြီး ကျန်အမျိုးသမီး ၃ ဦးကို ဆယ်ယူရရှိကြောင်း သိရသည်။ သေဆုံးသူ ၃ ဦးစလုံး၏ အလောင်းကို ယနေ့ ဆယ်ယူရရှိပြီ ဖြစ်ကြောင်း မြောက်ဦးမြို့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။