သတင်းတို

EU ပိတ်ဆို့မှုများ ရုပ်သိမ်းတော့မည်

This article has been converted from Zawgyi One to Unicode

ဥရောပ သမဂ္ဂ(EU)က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအားလုံး ရုပ်သိမ်းဖွယ်ရှိကြောင်း သိရသည်။ စစ် လက် နက်ပစ္စည်း ရောင်းဝယ်မှုဆိုင်ရာ ပိတ်ဆို့မှုမှအပ လာမည့်အပတ်အတွင်း ရုပ်သိမ်းဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း Reuters သတင်း တပုဒ်တွင် ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့ က EU တာဝန်ရှိသူများက သဘောတူထားသည်ဟုလည်း သတင်း၌ ပါရှိသည်။ ဧပြီ ၂၂ ၊ ၂၃ မှစ၍ ပိတ်ဆို့မှုများ အဆုံးသတ်မည် ဖြစ်ကြောင်း European Voice တွင်လည်း ဖော်ပြထားသည်။ ယမန်နှစ် အတွင်း EU က ပိတ်ဆို့ အရေးယူမှုများကို စောင့်ကြည့်ကာလ တနှစ်ဆိုင်းငံ့ထားခဲ့သည်။ စစ် လက်နက်ပစ္စည်း ရောင်းဝယ်မှုဆိုင် ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ၊ ပြည်ဝင်ခွင့် ဗီဇာ ဆိုင်ရာ များ အပါအဝင် ကျောက်မျက်နှင့် သယံဇာတ ဆိုင်ရာ ပိတ်ဆို့မှုများကို ပြုလုပ် ထားသည်။

Loading