သတင်းတို
ဒေါ်အောင်ဆန်းစုကြည် Time မဂ္ဂဇင်း၌ သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရ
This article has been converted from Zawgyi One to Unicode
ကမ္ဘာကျော် Time မဂ္ဂဇင်း ၏ ၁၀ စုနှစ် တခုအတွင်း သြဇာလွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရွေးချယ်သည့် စာရင်းတွင် ဒေါ်အောင် ဆန်းစုကြည်သည် နောက်ဆုံးအဆင့်တွင် ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါကို ကျော်ဖြတ် အနိုင်ရရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးသီးမှ သြဇာအကြီးဆုံး ၁၀၀ ကို အင်တာနက် အွန်လိုင်းမှ တဆင့် မဲပေးရွေးချယ်ခဲ့ရာ ဧပြီ ၁၇ ရက် နေ့က နောက်ဆုံး ရရှိသည့် မဲဆန္ဒ အရေအတွက်မှာ လေဒီဂါဂါက ၃၉ ရာခိုင်နှုန်း ရရှိပြီး ဒေါ်အောင်ဆန်းစုကြည်က ၆၁ ရာခိုင်နှုန်း ရရှိကြောင်း Time မဂ္ဂဇင်း ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။