ဧရာဝတီ မြစ်ရေကို သန့်စင်၍ တနေ့လျှင် ရေဂါလံ ၁၀ သန်း ခန့် မန္တလေးမြို့နေ ပြည်သူများသို့ ဧပြီလဆန်းမှ စတင်ပြီး ရေပိုမို ဖြန့်ဖြူးပေး လျက်ရှိကြောင်း သိရသည်။ ဧရာဝတီ မြစ်ရေ အနည်ကျ ရေသန့်စင် ရေလှောင်ကန်များမှ ရေများကို မန္တလေးတောင်ပေါ်ရှိ ရေကန်များသို့တင်ပို့ကာ ဖြန့်ဝေပေး ခြင်းနှင့် ရေတွန်းစက် ၈ စက်နှင့် အမှတ် ၁ မလွန် ရေတွန်းစက်ရုံတို့ ချိတ်ဆက်ကာ မဟာ အောင်မြေနှင့် ချမ်းမြသာစည် မြို့နယ်များသို့ ဖြန့်ဖြူးပေးရန် စီစဉ်ထားကြောင်းလည်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထား သည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကောက်မတီ ရေနှင့်သန့်ရှင်းရေးဌာနမှ မန္တလေးမြို့ပတ် ကမ်းနားလမ်း ၁၆ လမ်းနှင့် ၁၉ လမ်းကြားတွင် ရေသန့်စင် အဆောက်အဦများနှင့် အမှတ် ၈ ရေတွန်းစက်များကို ပြီးခဲ့သည့် မတ်လတွင် ဆောက်လုပ် ပြီးစီးခဲ့ကြောင်းဖော်ပြထားသော်လည်း လုပ်ငန်းစတင်ရက်ကို ဖော်ပြထားခြင်း မရှိပါ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။