ဥရောပ သမဂ္ဂ(EU)က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအားလုံး စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုဆိုင်ရာ ပိတ်ဆို့မှုမှအပ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ယမန်နေ့က လူဇင်ဘတ် နိုင်ငံ၌ ကျင်းပသော EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဧပြီ ၂၂ ရက်နေ့ ရက်စွဲဖြင့် EU က ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံ၏ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေး တိုးတက်မှု၊ ခိုင်မာသော လွှတ်တော်ပေါ်ပေါက်လာမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းများကို ပြုလုပ်လာခြင်းကြောင့် ဖြစ်သည်ဟုလည်း ပါရှိသည်။ ယမန်နှစ် အတွင်း EU က ပိတ်ဆို့ အရေးယူမှုများကို စောင့်ကြည့်ကာလ တနှစ်ဆိုင်းငံ့ထားခဲ့သည်။ စစ်လက်နက်ပစ္စည်း ရောင်း ဝယ်မှုဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာ၊ ပြည်ဝင်ခွင့် ဗီဇာ ဆိုင်ရာများ အပါအဝင် ကျောက်မျက်နှင့် သယံဇာတ ဆိုင်ရာ ပိတ်ဆို့မှုများကို EU က ပြုလုပ် ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။