အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ဖွံွ့ဖြိုးတိုးတက်မှု ဆိုင်ရာ စွမ်းရည်မြှင့်တင်မှု အကူအညီများကို ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ သတင်း ဆက်သွယ်ရေး နည်းပညာ ကဏ္ဍ၊ စိုက်ပျိုးရေး ဆိုင်ရာ ကဏ္ဍများ၏ စွမ်းရည်မြှင့်တင်မှုများ ဖြစ်သည်ဟု Hindustan Times သတင်း၌ ဖော်ပြထားသည်။ ပခုက္ကူနှင့် မြင်းခြံတွင် စက်မှု သင်တန်းများ၊ အင်္ဂလိပ်ဘာသာ ဆိုင်ရာ အထောက်အကူပြု အကူအညီနှင့် စီးပွားရေးဆိုင်ရာ စွမ်းရည်မြှင့်တင်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆန်စပါး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဥယျာဉ်ခြံ ပြုလုပ်ရန်အတွက် အထောက်အပံ့များပေးမည် ဖြစ်ကြောင်း၊ တခြားသော ဆက်စပ် အစီအစဉ်နေဖြင့် အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသော နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း ဖာလာစေ့ စိုက်ပျိုးထုတ်လုပ်မှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။