မြန်မာအစိုးရ အနေဖြင့် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသည့် ပဋိပက္ခများ ပြေလည်ရေးအတွက် အရေးယူ ဆောင်ရွက်ရန် တိုက်တွန်းသွားမည်ဟု အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုရိုနိုက ပြောဆိုကြောင်း သိရသည်။ ဤအရေး ကိစ္စ ကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိလျှင် အင်ဒိုနီးရှား အပါအဝင် တခြားသော မွတ်စလင်နိုင်ငံများနှင့် ဆက်ဆံရေး ထိခိုက်နိုင်ကြောင်း၊ ထိုတင်းမာမှု ပဋိပက္ခများ ဖြေရှင်းရေးအတွက် အထောက်အကူပေးရန် အင်ဒိုနီးရှားအနေဖြင့် အသင့်ရှိကြောင်း Reuters သတင်း၌ ဖော်ပြထားသည်။ ဆူစီလို ဘန်ဘန်းသည် သမ္မတ ဦးသိန်းစိန် ၏ ဖိတ်ကြားချက်ဖြင့် မြန်မာ နိုင်ငံသို့ ယနေ့မှ စတင်၍ ၂ ရက်ခရီး လာရောက်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။