ယနေ့ညနေက အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦးကို ပြန်လည် လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၅ ဦးပါဝင်ကြောင်းသိရသည်။ နိုင်ငံရေး အကျဉ်းသားများမှာ ကိုဇော်မိုး၊ ကိုဇော်မင်း၊ ကိုရဲထက်စိုး၊ ဦးစိုင်းအောင်ကျော်နှင့် ကိုနေမျိုးသူရအောင်တို့ ဖြစ်ပြီး ကျန် ၅ ဦးတွင် ကိုးကန့်ဒေသမှ မူးယစ်ဆေးဝါးမှုနှင့် ကျခံခဲ့ရသူ ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး၊ ဂျာမန်နိုင်ငံသား ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။