နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့(ICG)က သမ္မတ ဦးသိန်းစိန် အတွက် ငြိမ်းချမ်းရေး ဆုကို ယမန်နေ့ က အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် အခမ်းအနားဖြင့် ပေးအပ်သည်။ ယင်းဆုကို ဦးသိန်းစိန် ကိုယ်စား သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းက လက်ခံရယူသည်။ ပြောင်မြောက်သော ပြုပြင်ပြောင်းလဲရေး အစီအမံများ၊ အသွင် ကူးပြောင်းရေး လုပ်ငန်းများ၊ အတိုက်အခံ အင်းအားစုများနှင့် ဆက်ဆံရေး တိုးတက်မှု၊ ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေး ဆောင်ရွက်မှု၊ ငြိမ်းချမ်းရေး တည်ဆောက် သည့် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထိုငြိမ်းချမ်းရေး ဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန် ကလည်း အခမ်းအနားသို့ ဗီဒီယို မိန့်ခွန်း ပေးပို့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။