သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်တို့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ အလွတ်သဘော တွေ့ဆုံရာတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိကြောင်း The Nation သတင်း၌ ပါရှိသည်။ ဦးသိန်းစိန်သည် ဘရှုနိုင်း နိုင်ငံ၌ ကျင်းပသည့် ၂၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး သို့ တက်ရောက်ရန် ယမန်နေ့က ထွက်ခွာသွားကြောင်း ကြေးမုံ သတင်းစာတွင်လည်း ဖော်ပြထားသည်။ ဧပြီ ၂၉ ရက်တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ ၏ အာရှဒေသ ဖွံဖြိုးရေး ဆိုင်ရာ မူဝါဒ အစည်းအဝေး သို့ ဦးသိန်းစိန် တက်ရောက်ရန် ရှိကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။