အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ယာခင်းများအတွင်း ဝင်ရောက် ထွန်ယက်သည့် မူရင်း ယာပိုင်ရှင်များကို ယနေ့ နံနက်ပိုင်းက စပြီး ရာနှင့် ချီသည့် လုံထိန်း ရဲတပ်ဖွဲ့ ဝင်များက ရောက်ရိုက်နှက် ဖမ်းဆီး လျက်ရှိကြောင်း အဓိကရုဏ်း ဖြစ်ပွားရာနေရာသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဒေသခံများက ပြောသည်။ မူရင်း ယာပိုင်ရှင် များက ၎င်းတို့ယာမြေအား ဝမ်ပေါင်ကုမ္ပဏီအား ရောင်းချမည်မဟုတ်ကြောင်း၊ လျှော်ကြေးငွေကိုလည်း မယူနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ယာများအတွင်း ဝင်ရောက်ထွန်ယက်နေသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း၊ ယနေ့မနက်ပိုင်းတွင် တာဝန်ကျ လုံထိန်းရဲများ က ယခုကဲ့သို့ ဝင်ရောက်အကြမ်းဖက် ရိုက်နက်ခြင်းဖြစ်ကြောင်း ဒေသခံ တောင်သူများက ဆိုသည်။ ရဲတပ်ဖွဲ့များ ဝင်ရောက်ရိုက် နက်ဖမ်းဆီးရာ ယာများထွန်ယက်နေသည့် တောင်သူ ၅ ဦးနှင့် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးတို့ အဖမ်း ခံရ ကြောင်း စုံစမ်းသိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။