သတင်းတို

ပြင်သစ် လုပ်ငန်းရှင်များ မြန်မာ စိုက်ပျိုး မွေးမြူရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည်

This article has been converted from Zawgyi One to Unicode

ပြင်သစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ပြင်သစ်နိုင်ငံမှ စီးပွားရေးဆိုင်ရာ အကြံ ပေး ပုဂ္ဂိုလ် ဆာရာဘတ်သည် မြန်မာနိုင်ငံသို့ ဧပြီ ၂၂ ရက်နေ့က ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ပြင်သစ်နိုင်ငံ မွေးမြူရေးနှင့် စိုက်ပျိုးရေး ဆိုင်ရာ တာဝန်ရှိသူများလည်း လာမည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာ လုပ်ငန်းရှင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ-ပြင်သစ် ကုန်သွယ်မှု အနေအထားမှာ ၂၀၁၂ ခုနှစ်တွင် ပြင်သစ် မှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၄၈ သန်း ရှိခဲ့ပြီး ပြင်သစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၃ ဖေဖော်ဝါရီလ အထိ အမေရိကန် ဒေါ်လာ ၄၆၉ သန်းခန့် ရှိကြောင်း သိရသည်။

Loading