ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံဘက်သို့ ထပ်မံပြောင်းရွှေ့လိုသူ ရခိုင်မျိုးနွယ်စုဝင်များ ရှိနေသဖြင့် နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများရွာ(နတလ) ကျေးရွာ တချို့တွင် လူနေအိမ်သစ်များကို ထပ်မံဆောက်လုပ်နေကြောင်း မောင်တောမှ လာသော သတင်းများအရ သိရသည်။ ယခုလ အသစ်ဆောက်လုပ်နေသော ကျေးရွာများမှာ တောင်ပြို နတလ ၌ ၆၀ ၊ လောင်းဒုံ နတလ တွင် ၄၀ နှင့် မြို့သစ် နတလ ကျေးရွာ အိမ် အသစ် ၂၅ လုံးကို အသီးသီး ထပ်မံဆောက်လုပ်မည်ဖြစ်ကြောင်း နတလ ဝန်ထမ်းတဦး က ပြောသည်။ ထို အိမ်များကို နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ တိုက်ရိုက် ကိုင်တွယ် ဆောက် လုပ်နေခြင်းဖြစ်ပြီး အလျား ၂၅ ပေ x အနံ ပေ၂၀ ခန့်ရှိ ပြင်ခင်း ထရံကာ၊ သွတ်မိုး အိမ်အမျိုးအစားများ ဖြစ်ကြောင်း တောင်ပြိုမြို့ခံ တဦးကပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်၊ မာရမာနှင့် မြိုလူမျိုးများသည် ဒေသတွင်း စီးပွားရေး အကျပ်အတည်း များကြောင့် မြန်မာ နိုင်ငံဘက်ကို ပြောင်းရွှေ့ အခြေချရန် ပိုမို စိတ်ဝင်စားလာကြောင်း စစ်တကောင်းတိုင်း၊ ဘန်တရိုဘန် ခရိုင်၊ လမားမြို့ခံ တဦး ကလည်း ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။