သတင်းတို

ILO နှင့် အလုပ်သမား သမဂ္ဂများ ဆွေးနွေးပွဲ ကျင်းပ

This article has been converted from Zawgyi One to Unicode

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) နှင့် မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမား သမဂ္ဂ အဖွဲ့များ ရန်ကုန်မြို့၌ ၂ ရက်ကြာ ဆွေးနွေးပွဲ တရပ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ တနင်္လာနေ့ စတင်သည့် ယင်းဆွေးနွေးပွဲ၌ ဂျနီဗာ အလုပ်သမား ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်ရွေးချယ်ရန်၊ ခုံသမာဓိ ကောင်စီ၊ ILO ၏ အကြံပေး အတိုင်ပင်ခံ အဖွဲ့ စသည်တို့ကို ပြန် လည် စိစစ် ဖွဲ့စည်းရန် ရှိကြောင်း ဘီဘီစီ သတင်း၌ ပါရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိ မှတ်ပုံတင်ကျပြီးသား အလုပ်သမား သမဂ္ဂ အဖွဲ့ ၅၀၀ ခန့်ရှိကြောင်း၊ မြို့နယ်အဆင့် အလုပ်သမား သမဂ္ဂ ၆ ဖွဲ့နှင့် သဘောၤသား သမဂ္ဂ အဖွဲ့ချုပ် ၁ ဖွဲ့ ရှိကြောင်း သိရသည်။

Loading