မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပနေသည့် ဒီမိုကရေစီ နိုင်ငံများ အသိုက်အဝန်း(Community of Democracy) အစည်းအဝေးကို တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေကြောင်း သတင်းရသည်။ Ulaanbaatar မြို့၌ ၇ ကြိမ်မြောက် ကျင်းပနေသော ယင်းအစည်းအဝေး တက်ရောက် ရန် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က ဖိတ်ကြားခြင်း ဖြစ်ကြောင်း၊ အင်္ဂါနေ့တွင် မွန်ဂိုလီးယား သမ္မတနှင့် ဒေါ်အောင် ဆန်းစုကြည် တို့ တွဲဖက်ဟောပြောရန် ရှိကြောင်း သိရသည်။ နိုင်ငံပေါင်း ၁၃၁ နိုင်ငံ ပါဝင်သော ဒီမိုကရေစီနိုင်ငံများ အသိုက် အဝန်း အစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည် သည် စနေနေ့က စတင် ထွက်ခွာ သွားခြင်း ဖြစ်ပြီး မေလ ၃ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း ဗီအိုအေ သတင်း၌ ပါရှိသည်။ အစည်းအဝေးကို ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။