• English
Monday, December 4, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home သတင်း

          ဆည်တည်းရွာ ဆန္ဒပြမှု ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်လိုက်ပြီ

          by မန်းသားလေး
          29 April 2013
          in သတင်း
          A A
          ဆည်တည်းရွာ ဆန္ဒပြမှု ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်လိုက်ပြီ

          လက်ပန်းတောင်းတောင် စီမံကိန်း လယ်မြေများကို ရောင်းချ ပေါင်နှံခြင်းမပြုရ ဆိုသည့် စာများကို ယင်းဒေသရှိ အိမ်တိုင်းတွင် ဤသို့ ကပ်ထားသည် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

          4.9k
          VIEWS
          Share on FacebookShare on Twitter

          စစ်ကိုင်းတိုင်းဒေသကြီး ဆည်တည်း ကျေးရွာတွင် ဆန္ဒပြရာ၌ ဦးဆောင်လှုပ်ရှားသူ ၃ ဦးကို အမှုဖွင့်လိုက်ပြီ ဖြစ်ပြီး ကျန်ရှိနေသော ပါဝင်ဦးဆောင်သူ များကိုလည်း ဥပဒေနှင့်အညီ ဆက်လက် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဆားလင်းကြီး ရဲစခန်းမှ သိရသည်။

          ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြေနေရာအတွင်း ဒေသခံများက ဧပြီလ ၂၅ ရက်နေ့တွင် ဝင်ရောက် ထွန်ယက် စိုက်ပျိုးမှု ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုများ ပြုလုပ်သည် ဆိုသည့် စွပ်စွဲမှုများနှင့် ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ တရားခံဟု ယူဆရသူ ၃ ဦးကို အမှုပေါင်း ၄ ခုနှင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

          RelatedPosts

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 December 2023
          6.8k
          မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

          မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

          3 December 2023
          1.5k
          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

          3 December 2023
          3.1k

          ဖမ်းဆီး ခံရသည့်အထဲတွင် ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးနှင့် ရွာသားနှစ်ဦး ပါဝင်သည်။

          ၎င်းတို့ကို ပုဒ်မ ၃၃၃ (တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု)၊ ၄၄၇ (စီမံကိန်း ဧရိယာအတွင်း ကျော်နင်းမှု)၊ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု)၊ ၃၄ (အကြံအစည် တခုကို အထမြောက်စေရန် တဦးထက်ပိုသော လူများ စုဝေးမှု) စသည့် အမှုများနှင့် ဆားလင်းကြီး တရားရုံးတွင် အမှုဖွင့်ထားကြောင်း သိရသည်။

          ထို့အပြင် လက်ပန်းတောင်း လယ်မြေကိစ္စနှင့် ပတ်သက်ပြီး စီမံကိန်းဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်စေရန် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူဟု ရဲဌာနက သတ်မှတ်သူ ၈ ဦးကို ဖမ်းဆီးအရေးယူရန် စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပြီ ဖြစ်ပြီး လက်ရှိတွင် ၁ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သိရသည်။

          “ဖမ်းဝရမ်း ထုတ်ထားတဲ့ တရားခံတွေကို ဖမ်းမိဖို့အတွက် ကျနော်တို့ တရားဥပဒေနဲ့ အညီ ဝင်ရောက်ရှာဖွေ ဖမ်းဆီး ဆောင်ရွက် သွားမှာပါ။ ပြီးခဲ့တဲ့ အဓိကရုဏ်း ဖြစ်စဉ်တုန်းကလည်း ဒေသခံ လယ်သမားတွေက တားမြစ်ထားတဲ့ မြေနေရာကို ကျူးကျော် ဝင်ရောက် ခဲ့ကြတယ်။ ဒါကို ကျနော်က သုံးကြိမ်သုံးခါ အော်ပြီး တားမြစ် ပြောဆိုခဲ့ပါတယ်” ဟု မုံရွာခရိုင်ရဲမှူး ဦးတင်ထွန်းက ဧရာဝတီသို့ ပြောသည်။

          ဆက်လက်၍ ၎င်းက တားမြစ်သည့်သဘော အော်ပြောနေချိန်တွင်ပင် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးက ဒေသခံ လယ်သမားများအား ရဲမှူးစကား နားမထောင်ဘဲ ရှေ့ကို ဆက်တိုးရန် နောက်မှ ပြောဆိုသဖြင့် လယ်သမားများနှင့် ပဋိပက္ခ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

          “ရဲမှူးစကား နားမထောင်နဲ့ ဆက်တိုးဆိုပြီး အောင်စိုးက နောက်ကနေ ပြောလို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာပါ။ ဒါ့ကြောင့် ကျနော်တို့က အောင်စိုးကို ဝင်ဖမ်းရတာပါ” ဟု သူက ပြောသည်

          ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအသွင် ဆောင်သော ဖြစ်စဉ်မှာ ကိုအောင်စိုးကို ဝင်ရောက်ဖမ်းဆီးသဖြင့် ဒေသခံများက လက်မခံဘဲ ကိုအောင်စိုးကို ပြန်လည်ဆွဲခေါ်ရာမှ နှစ်ဘက် တင်းမာမှုများ ဖြစ်ပေါ်ကာ နှစ်ဘက်စလုံး ထိခိုက် ဒဏ်ရာရရှိမှုများ ပြင်းထန်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

          ဖမ်းဝရမ်းထုတ်ခံရသည့် အကျိုးဆောင်များ အပေါ် ရဲများ၏ လုပ်ဆောင်မှုကို ဆည်တည်းရွာမှ ရွာခံများက လက်မခံကြပေ။

          “ကျမတို့က ဥပဒေကို နားမလည်ဘူး။ သူတို့က ဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းရာတွေကို ကျမတို့ကို ရှင်းပြနိုင်တယ်။ ဒေသခံတွေက ကိုယ်တိုင်မပါဘဲ ကျမတို့ကို ဘယ်သူကမှ မြှောက်ပေးလို့ မရပါဘူး။ ကျမတို့ ဒေသခံတွေနဲ့ ဒီအဖွဲ့စည်းတွေက စိတ်ထပ်တူညီမျှ ခံစားချက်ခြင်း တူလို့ ဒီလို လုပ်ဆောင်ကြတာပါ” ဟု ဆည်တည်းရွာသူ မဝင်းဝင်းဌေးက ဧရာဝတီသို့ ပြောသည်။

          ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်များနှင့် တခြားအဖွဲ့စည်းများမှ ဖမ်းဝရမ်း ထုတ်ထားသူများကို ဆည်တည်းရွာအတွင်း ဝင်ရောက် ဖမ်းဆီးခြင်းများ ဆောင်ရွက်မည် ဆိုသောကြောင့် ရွာတွင် ကင်းများ ချထားကြောင်း ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုဗထူးက ဆိုသည်။

          ဆည်တည်းကျေးရွာရှိ ဒေသခံများက ၎င်းတို့ လျော်ကြေးမယူခဲ့သည့် လယ်မြေများတွင် ဧပြီ ၂၅ ရက်နေ့က ဝင်ရောက် ထွန်ယက်ရာမှ ရဲများက အကြမ်းဖက် နှိမ်နင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများထံ ရောက်ရှိနေသည့် ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးကို ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံ လယ်သမားများနှင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ်ရာတွင်လည်း ဒေသခံများကို မီးခိုးဗုံးများ၊ သေနတ်များ၊ ရာဘာဒုတ်၊ ဒိုင်းများ သုံး၍ ရိုက်နှက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ပြောဆိုကြသည်။

          အဆိုပါ အဓိကရုဏ်း ဖြစ်စဉ်ကြောင့် ဒေသခံ ၂၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့ပြီး ၃ ဦး အတွင်းလူနာဖြစ် ဆေးကုသမှု ခံယူခဲ့ရသည်။ ဒေသခံတဦးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူလျှက် ရှိသည်။ရဲများဘက်တွင်လည်း ၁၅ ဦး ဒဏ်ရာရရှိကာ ၃ ဦးမှာ ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ဆေးကုသမှု ခံယူလျှက် ရှိသည်။

          ဒဏ်ရာရရှိသည့် ရဲ ၃ ဦးကို ဧရာဝတီမှ ကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး ဖြစ်စဉ်များကို မေးမြန်းခဲ့သော်လည်း အထက်မှ ဖြေကြားခွင့် အမိန့် မရရှိသည့်အတွက် မဖြေကြားရဲကြောင်း ပြောဆိုခဲ့သည်။ ဓာတ်ပုံရိုက် ယူရာတွင်လည်း တာဝန်ရှိ ရဲမှူးက တားမြစ် ခဲ့သည့်အတွက် မှတ်တမ်း မယူခဲ့ရပေ။ သို့သော်လည်း ရဲ တဦးမှာ ညဘက် မျက်လုံးအောက်တွင် လေးခွ မှန်ထားသည့် ဒဏ်ရာကြောင့် ၆ ချက် ချုပ်လိုက်ရကြောင်းနှင့် ကျန်တဦးမှာ နောက်စေ့ ထိခိုက်ဒဏ်ရာနှင့် ဘယ်ဘက် မျက်လုံးအထက် နဖူးတွင် ထိခိုက်ဒဏ်ရာတို့ ပြင်းထန်ခဲ့သည်ကို တွေ့ခဲ့ရသည်။

          အခင်းဖြစ်ပွားသည့် နေရာတွင် ရှေ့မှ တားမြစ် အမိန့်ပေးခဲ့သည့် မုံရွာခရိုင်ရဲမှူး ဦးတင်ထွန်းမှာလည်း ညာဘက်ဒူးဆစ်တွင် ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်။

          “ကျနော်က တားမြစ်ဧရိယာမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ လယ်သမားတွေကို ဖယ်ရှားပေးဖို့ သုံးကြိမ်အော်ပြီး သတိပေး ပါတယ်။ အဲဒီအချိန်မှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ စပြီး ပစ်ပါတယ်။ ကျနော့်ဆီလာတဲ့ ခဲတွေကို ရဲသားနှစ်ဦးက ဒိုင်းတွေနဲ့ ကာပေးလို့ ခဲတွေက မျက်နှာကို မမှန်တာပါ” ဟု ခရိုင်ရဲမှူးက ပြောသည်။

          ဆည်တည်း ကျေးရွာမှ ထိခိုက်ဒဏ်ရာ ရရှိသော ဒေသခံများက မုံရွာဆေးရုံသို့ သွားရောက် မကုသရဲကြောင်း၊ သွားရောက် ကုသသည့် အခါတွင် ရဲများ၏ ဖမ်းဆီးခြင်း ခံရမည်ကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် နီးစပ်ရာ ဆေးပညာ နားလည်သူများနှင့်သာ ပြသ နေရကြောင်း ဆည်တည်းရွာသူ မဝင်းဝင်းဌေးက ဆိုသည်။

          “ကျမတို့ ရွာက ရဲဆိုရင်ကို တအား မုန်းနေကြပြီ။ ဘာလို့လဲဆိုတော့ သူတို့တွေက ကျမတို့ကို အရမ်း နှိပ်စက်တယ်။ နောက်ပြီး မဟုတ်မမှန် စကားတွေကိုလည်း ပြောဆိုကြတယ်။ အခုကိစ္စမှာလည်း ရဲတွေက ကျမတို့ လက်တွေကို တုတ်တွေနဲ့ ရိုက်တယ်။ ပေါင်နှစ်လုံးကြားထဲ ခေါင်းဝင်ခိုင်းပြီး နောက်ကြောကို တအုန်းအုန်းနဲ့ ထုတာ” ဟု သူက ပြောသည်။

          ဆက်လက်၍ ၎င်းက ရဲများသည် မီးသတ်ပိုက်ထဲသို့ ဓာတ်ဆီများ ထည့်ပြီး ဖြန်းပက်ရန် လုပ်ဆောင်ကြောင်း၊ ပထမ ဖြစ်စဉ် ရှိခဲ့သည့် အတွက် ၎င်းတို့က မီးသတ်ကားကို လေးခွနှင့် ပစ်လိုက်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ လူအုပ်ကြားထဲသို့လည်း မီးခိုးဗုံး နှစ်လုံး ပစ်သွင်းကြောင်း ရှင်းပြသည်။

          “တကယ်လို့သာ ကျမတို့က လက်ဦးမှု မရရှိဘူးဆိုရင် မီးခိုးဗုံးနဲ့ မီးသတ်ပိုက်က ဓာတ်ဆီတွေ ပေါင်းပြီး အခုဆို သေလောက် ပါပြီ” ဟု မဝင်းဝင်းဌေးက ပြောသည်။

          မဝင်းဝင်းဌေး ပြောဆိုမှုနှင့် ပတ်သက်ပြီး ဆားလင်းကြီး စခန်းမှူး ဦးလှငွေက လုံးဝမဟုတ်ကြောင်း ငြင်းဆန်ပြီး ရဲများ အနေဖြင့် အကြမ်းဖက်နည်းကို အသုံးမပြုကြောင်း၊ မီးသတ်ကားမှာ လူစုလူဝေးပြုခြင်းကို ဖြိုခွင်းရန်သာ ဖြစ်ကြောင်း ပြန်လည် ရှင်းပြသည်။

          “မီးသတ်ပိုက်က ရေတောင် မထုတ်ရသေးဘူး။ ကားကို လေးခွတွေ ခဲတွေနဲ့ ပစ်လို့ မီးသတ်ကားလည်း ထွက်ပြေး သွားရတယ်။ ကျနော်တို့ ဘက်က မီးခိုးဗုံး မသုံးပါဘူး။ သူတို့ဘက်ကပဲ ပုလင်းထဲကို ဓာတ်ဆီထည့်ပြီး မီးစနဲ့ပစ်လို့ မီးတွေ လောင်ရတာပါ။ တကယ်တမ်း ရဲတွေက ဝိုင်းလုပ်ရင် လုပ်လို့ရတာပေါ့။ ကျနော်တို့က လူအင်အားသုံးပြီး ဖြိုခွင်းတယ်ဆိုတာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

          ဆည်တည်းရွာသည် လက်ရှိအချိန်တွင် ဥပဒေမဲ့ လုပ်ဆောင်နေကြောင်း၊ တရားဝင် ဆန္ဒပြသည်ကို အုပ်ချုပ်သူများ ဘက်မှ လက်ခံ၍ ရကြောင်း၊ ၂၅ ရက်နေ့က တားမြစ်ဧရိယာတွင် ဝင်ရောက် လယ်ထွန်သည်ကို ရဲများက တားမြစ်ခြင်းသာ ဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်က ပြောသည်။

          “တကယ့်တကယ် အဲဒီလယ်တွေက ဦးပိုင်အမည် မပေါက်သေးတဲ့ လယ်ယာမြေတွေ။ အဲဒီအပေါ်မှာ သူတို့က ထွန်ကြတာ။ ကျနော်တို့က လယ်ယာမြေ လျော်ကြေးကို အားလုံး တပြေးညီ ပေးပြီးပြီ။ ယာမြေ တဧကကို ကျပ် ၁၀ သိန်း ပေးထားတယ်” ဟု သူက ဆက်ပြောသည်။

          ဧပြီ ၂၇ ရက်နေ့အထိ လျော်ကြေး ပေးထားသည့်မြေ ၂၀၃၁ ဧက ဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၂၀၆၈၀. ၈၁ ထုတ်ပေးပြီး ဖြစ်ကြောင်း ဧရာဝတီမှ စုံစမ်း သိရှိရသည်။

          လက်ပန်းတောင်း ဒေသတွင် ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် မြေဧက ၇၀၀၀ ကျော်ရှိပြီး ယင်းမြေဧက ၇၀၀၀ ကျော်ကို ပုဒ်မ ၁၄၄ ထုတ်ကာ စီမံကိန်း တားမြစ်နယ်မြေအဖြစ် သတ်မှတ် ဆောင်ရွက်လျှက် ရှိကြောင်း၊ ဒေသခံများ အနေဖြင့် လယ်ထွန် စိုက်ပျိုးစရာ လုပ်ကွက်များ မရှိတော့သည့်အတွက် အစိုးရကို နည်းလမ်းမျိုးစုံနှင့် ဆန့်ကျင်မှုများ ပြုလုပ်လျှက် ရှိနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

          လက်ပံတောင်းတွင် ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က “ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ဧရိယာလို့ အကြောင်းပြပြီး လယ်မထွန်ရဘူး ဆိုတာတော့ သိပ်တော့ မဟုတ်ဘူး။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်” ဟု ပြောသည်။

          ဧပြီလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင်ရှိ ကျေးရွာ ၂၆ ရွာမှ ဒေသခံ အင်အား ၅၀၀ ကျော်တို့သည် တရားဝင် ဆန္ဒပြခွင့် ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

          Your Thoughts …
          Tags: CopperRule of Law
          မန်းသားလေး

          မန်းသားလေး

          Contributor

          Similar Picks:

          ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

          ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

          by ဧရာဝတီ
          28 August 2014
          17.8k

          မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

          အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

          အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

          by မေစစ်ပိုင်
          7 March 2013
          27.3k

          ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

          ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

          ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

          by မေစစ်ပိုင်
          1 February 2016
          15.7k

          ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

          ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

          ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

          by မေစစ်ပိုင်
          21 January 2016
          42.1k

          ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

          ခွန်ဆာ

          ကျားထောင်ချောက်နဲ့ ခွန်ဆာ

          by အောင်မြို့
          4 June 2016
          18.9k

          ၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

          မုန်းဝန်း, တရုတ်, ရှမ်းပြည်နယ်, တာမိုးညဲ, ကွတ်ခိုင်, နိုင်ငံသားစိစစ်ရေး

          မုန်းဝန်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးသည့်ကိစ္စ၏ နောက်ကွယ်

          by လဝီဝမ်
          1 April 2016
          14.2k

          မုန်းဝန်းတရုတ်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရန်အတွက် ဆုံးဖြတ်ချက်မချမီ ရှမ်းခေါင်ဆောင်များနှင့် အစိုးရက တိုင်ပင်ဆွေးနွေးသင့်ကြောင်း ရှမ်းနိုင်ငံရေးသမားများက ပြောဆိုကြသည်

          Next Post
          ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

          ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

          အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

          အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

          Please login to join discussion
          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          5 days ago
          12.9k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          4 days ago
          10.4k

          Most Read

          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved