• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

by ကြယ်ပြာ
29 April 2013
in Environment
A A
ပုပ္ပား တောင်မကြီးပေါ်တွင် သစ်ပင် ၁ သောင်း စိုက်ပျိုးမည်

ပုပ္ပားတောင်မကြီး ပေါ်တွင် ပုပ္ပားတောင် ချစ်သူများအဖွဲ့က သစ်ပင်များ စိုက်ပျိုးနေစဉ် (ဓာတ်ပုံ - ပုပ္ပားတောင် ချစ်သူများအဖွဲ့)

3.3k
VIEWS
Share on FacebookShare on Twitter

နှစ်လအတွင်း တောမီး ၄ ကြိမ်လောင်ခဲ့သော ပုပ္ပားတောင်မကြီးပေါ်တွင် သစ်ပင်ပေါင်း ၁ သောင်းကို ပုပ္ပားတောင်ချစ်သူများ အဖွဲ့မှ ပြန်လည် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မတ်လက ပထမဆုံးအကြိမ် ပုပ္ပားတောင် အရှေ့ဘက်ရှိ တောင်ပေါ်တောင်ရွာ အနီး၌ တောမီးလောင်ခဲ့ရာတွင် ၂ ရက်ခွဲခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းလ၌ပင် ၂ ကြိမ် ထပ်မံလောင်ကျွမ်းခဲ့ပြီး ဧပြီလ သင်္ကြန်မတိုင်ခင် တွင်လည်း ဖြစ်ပွားခဲ့သေး သောကြောင့် ယခုကဲ့သို့ သစ်ပင်များ ပြန်လည် စိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်း အဖွဲ့က ဆိုသည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
37
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
224
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.6k

“ပျိုးပင်တွေ မှာထားပြီးသားပါ၊ ခုချိန်က ရေပြတ်လပ်တဲ့ ပြဿနာ ကြုံနေတော့ စိုက်လို့မရသေးဘူး၊ နောက်လထဲဆို မိုးရာသီ ရောက်တော့မှာ ဆိုတော့ အဲဒီအခါကျရင် စစိုက်မှာပါ” ဟု ယင်းအဖွဲ့မှ အဖွဲ့ဝင်တဦး ဖြစ်သူ ဦးတိုးက ဧရာဝတီသို့ ပြောသည်။

သစ်မာများ အဖြစ် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များနှင့် တခြားသစ် ပျိုးပင်များအား ကျောက်ပန်းတောင်း မြို့နယ် သစ်တော ဦးစီးဌာထံမှ ဝယ်ယူထားသည်ဟု သိရသည်။

“မီးလောင်နေတာကို မီးသတ်ကား မပြောနဲ့ သစ်တောကတောင် မသိဘူး။ ညဘက်ဆိုရင် ကျောက်ပန်းတောင်းကနေ လှမ်းကြည့်ရင် ပုပ္ပားတောင်ကြီးက နီရဲနေတာပဲ” ဟု ကျောက်ပန်းတောင်း မြို့ခံ ကိုရဲဝင်းအောင်က ဆိုသည်။

ယခင်နှစ် နိုဝင်ဘာလက ယင်းအဖွဲ့မှ သစ်ပင် တထောင် စိုက်ပျိုးခဲ့သေးကြောင်းနှင့် ယခုမီးလောင်မှုကြောင့် သစ်ပင်ကြီးများ အပါအဝင် သစ်ပင်ဧကပေါင်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ကျောက်ပန်းတောင်း မြို့နယ်နှင့် ပုပ္ပားတောင်မကြီးပေါ်မှ ရွာများသည် ပုပ္ပားတောင်၏ ရေထွက်ပေါက် များမှ ထွက်သောရေကို ပိုက်များဖြင့် သွယ်ယူပြီး အဓိကအားပြု၍ သောက်သုံး နေကြရကြောင်း၊ မီးလောင်မှုကြောင့် တောင်ပေါ်တောင်ရွာ အနီးရှိ ရေပိုက်လိုင်းများ ပျက်စီးသွားသည့်အတွက် ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တောင်ပေါ်ရှိ ပုဂ္ဂလိက ကုမ္ပဏီတခု၏ ဧက ၅၀၀ ရှိ လက်ဖက်စိုက်ခင်းများနှင့် ဒေသခံတို့၏ နဂါးမောက်သီး စိုက်ပျိုး မှုများကြောင့် ရေထွက်ပေါက်များ ခမ်းခြောက်မှု များလာကြောင်း၊ ယခင်က ယင်းတောင်တွင် ရေထွက်ပေါက်ပေါင်း ၁၅၀ ကျော် ရှိသော်လည်း ယခုအခါတွင် ၅၀ ခန့်သာ ကျန်ရှိပြီး တချို့ရေထွက်ပေါက်များသည် မိုးရွာမှသာလျှင် ရေရရှိသည် အထိ ဖြစ်လာခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“အခု ရေပြတ်ချက်များ ကန်တွေအားလုံးကို ခြောက်ကပ်သွားတာပဲ။ အလှူရှင်တွေ အနေနဲ့ ရေတွေကတော့ လှူမလောက် ပဲဗျ” ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းညီလာခံ ပေါ်ပေါက်လာရေး အဖွဲ့ဝင် ဦးအေးခိုင်က ပြောသည်။

ကျောက်ပန်းတောင်း မြို့နယ်တွင် ကျေးရွာပေါင်း ၃၂၆ ရွာရှိကြောင်းနှင့် ယင်းရေပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြို့နယ် စည်ပင်သာယာရေး ကော်မတီက ယခုနှစ်အတွင်း စက်ရေတွင်းပေါင်း ၃၉ တွင်း တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

သဘာ၀ ပတ်ဝန်းကျင်ပညာရှင် ဦးအုန်းကလည်း ပုပ္ပားတောင် အနီးတဝိုက်တွင် ရရှိသည့် ရေများသည် မြေအောက်ရေ သီးသန့် မဟုတ်ဘဲ မိုးရာသီတွင် ရရှိသည့်ရေများကို ပေ ၂ ထောင်နက်သည့် မီးတောင်တွင်းကြီးထဲ၌ သိုလှောင်ထားသည့် မိုးရေများသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေရှားမှုဖြစ်ရပ်သည် စိုက်ခင်းများကြောင့် တောပြုန်းပြီး ရေငွေ့ပျံမှုများလာကာ သိုလှောင်နိုင်စွမ်း နည်းလာခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောခဲ့သည်။

ပုပ္ပါးတောင်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပုပ္ပားတောင်ချစ်သူများ အဖွဲ့အား ၂၀၁၂ သြဂုတ်လက သဘာဝပတ်ဝန်းကျင် ပညာရှင်နှစ်ဦးဖြစ်သည့် ဦးအုန်းနှင့် ဦးဝင်းမျိုးသူတို့မှ ဦးဆောင်ပြီး ဒေသခံများဖြင့် ဖွဲ့စည်းပေးထားခြင်း ဖြစ်ကြောင်းနှင့် ကျောက်ပန်းတောင်း ဒေသခံများ အပြင်းအထန် ကန့်ကွက်နေကြသော တောင်ပေါ်ရှိ ပုဂ္ဂလိက လက်ဖက်စိုက်ခင်း ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနပိုင် ဘိလပ်မြေအစားထိုး ပိုဆိုလန်စက်ရုံ  ရပ်ဆိုင်သွားရေးအတွက် ယင်းအဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။

Your Thoughts …
Tags: Natural Resources
ကြယ်ပြာ

ကြယ်ပြာ

ဧရာဝတီ

Similar Picks:

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

တကောင်းတောင် စီမံကိန်းနှင့် ဒေသခံများ၏ ဒုက္ခ

တကောင်းတောင် စီမံကိန်းနှင့် ဒေသခံများ၏ ဒုက္ခ

by မေစစ်ပိုင်
14 March 2014
2.8k

စီမံကိန်းမှ ရရှိလာမည့် အမြတ်ငွေ ၏ ၃၀ ရာခိုင်နှုန်းကို အစိုးရက ရရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီက ရရှိမည်ဖြစ်သည်။

ကျောက်မျက်ရတနာ, ကချင်ပြည်နယ်, တရုတ်နိုင်ငံ

ဖားကန့် ကျောက်စိမ်းများနှင့် အနာဂတ်

by အင်ဒရူး အာ၊ စီ၊ မာရှယ် နှင့် မင်းဇေယျာဦး
5 October 2013
4.3k

ယခုလိုပုံစံအတိုင်း အရှိန်အဟုန်ဖြင့် ရှာဖွေထုတ်ယူနေမည်ဆိုပါက နောက်ထပ် ၁၀ နှစ်ခန့်ကြာလျှင် ဖားကန့်တွင် ကျောက်စိမ်းများ ကုန်ဆုံးသွားလိမ့်မည်ဟု ဦးယစ်နန်ဇီလွန် ဆိုသည်။

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

by ရန်ပိုင်
22 May 2013
3.5k

ဒေသဆိုင်ရာ အာဏာပိုင်များဖြင့်သာ နားလည်မှုယူ တူးဖော်နေ သူများဖြစ်ကြောင်း၊ ဒေသခံ များမှာလည်း မြေယာဥပဒေများကို နားမလည်သည့် အတွက် ၎င်းတို့ထံမှ ဈေးပေါပေါဖြင့် ကုမ္ပဏီများက ၀ယ်ယူ တူးဖော်ခြင်းဖြစ်ကြောင်း ကိုဝင်းဆွေက ဆိုသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

ရခိုင်တွင် ဓာတ်သတ္တု စမ်းသပ် တူးဖော်ခွင့် တရုတ်ကုမ္ပဏီ ရရှိ

ရခိုင်တွင် ဓာတ်သတ္တု စမ်းသပ် တူးဖော်ခွင့် တရုတ်ကုမ္ပဏီ ရရှိ

by ခင်ဦးသာ
28 February 2013
3.4k

ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက် ရရှိထားသည်ဟု ပြောဆိုကာ ဒေသခံတိုင်း ရင်းသားများနှင့် ဆွေးနွေးမှု မရှိဘဲ ၎င်းတို့စီမံကိန်း လုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည် ဖော်ရေးကိုသာ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

Next Post
အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ပြည် လူသတ်မှု စစ်ခုံရုံးမှ အရပ်သားများကို ခေါ်ယူစစ်ဆေး

ပြည် လူသတ်မှု စစ်ခုံရုံးမှ အရပ်သားများကို ခေါ်ယူစစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate