သတင်းတို

သမ္မတ ဦးသိန်းစိန် ကို UN ESCAP ဆုချီးမြှင့်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန် ကို ကုလသမဂ္ဂ အာရှ နှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးကော်မရှင်(UN ESCAP) က အသိအမှတ်ပြု ဆု တံဆိပ် ချီးမြှင့်လိုက်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၆၉ ကြိမ်မြောက် UN ESCAP အစည်းအဝေး၌ ယမန်နေ့က ချီးမြှင့်ခြင်း ဖြစ်သည်။ ဦးသိန်းစိန် သည် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် ထက်မြက် သည့် အမြင်၊ ခေါင်းဆောင်မှုနှင့် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့သည့်အတွက် ထိုဆု ပေးအပ်ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Loading