ယနေ့ နေပြည်တော်တွင် ကျင်းပသော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးက ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ထပ်မံခွင့်ပြုခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေမည့် သတင်းစာ ၂ စောင် ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ မြန်မာဘာသာဖြင့် ထုတ်ဝေမည့် ပုဂ္ဂလိက သတင်းစာ ၈ စောင်မှာ National Time Daily (လျှောက်ထားသူ ဒေါက်တာ စံပယ်တင်)၊ Daily Eleven News (လျှောက်ထားသူ ဒေါ်ယဉ်မော်ဦး)၊ နဂါးနီနေ့စဉ် သတင်းစာ (လျှောက်ထားသူ ဦးသိန်းထွန်း)၊ ဓနစီးပွားရေးနေ့စဉ်နှင့် ဝရဇိန်နေ့စဉ် (လျှောက်ထားသူ ဦးမောင်မောင်စိန်)၊ News Watch Daily (လျှောက်ထားသူ ဦးချစ်မောင်)၊ ပြည်မြန်မာနေ့စဉ် (လျှောက်ထားသူ ဒေါ်ခင်မိုးမိုး)၊ မြန်မာပို့စ်နေ့စဉ် (လျှောက်ထားသူူ ဦးဝင်းအောင်) တို့ဖြစ်ပြီး အင်္ဂလိပ်သတင်းစာ ၂စောင်မှာ Myanmar Freedom Daily (လျှောက်ထားသူ ဦးသီဟစော)၊ International Herald Tribune (လျှောက်ထားသူ ဦးမျိုးအောင်) တို့ ဖြစ်သည်။ အင်္ဂလိပ်သတင်းစာ ၁ စောင်ဖြစ်သည့် International Herald Tribune သည် နိုင်ငံခြားတွင် ထုတ်ဝေသည့် မူရင်းကို မြန်မာနိုင်ငံတွင် ပြန်လည် ပုံနှိပ်မည်ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ၂၄ စောင်၊ အင်္ဂလိပ်သတင်းစာ ၂ စောင် စုစုပေါင်း ၂၆ စောင်ရှိနေပြီဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။