မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နှင့် တရား စွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ မကြာသေမီက ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ လယ်သမားများအရေး ကူညီပေးစဉ် ဒေသခံ ရဲတပ်ဖွဲ့ဝင်များက ၎င်းအား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ ဖြင့် ပန်းတနော် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ဒဏ်ငွေ မဆောင်ဘဲ ထောင်ဒဏ် ၃ လ ကျခံမည်ဟု တရားသူကြီးကို ပြောဆိုခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။