ဒုတိယ ကမ္ဘာစစ်အတွင်း စစ်သုံ့ပန်းများနှင့် ပျောက်ဆုံး စစ်သားများ ပြန်လည် စုံစမ်း ရှာဖွေရေး အဖွဲ့(JPAC) သည် ဒုတိယအကြိမ် စုံစမ်းမှုများ ပြုလုပ်ရန် ယခု ရက်သတ္တပတ် အတွင်း ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကန် သံရုံး ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့ ဆက်လက်ဆောင်ရွက်ရာတွင် မြန်မာ့တပ်မတော်၏ အကူအညီဖြင့် မြန်မာနိုင်ငံ တဝန်းမှ ဖုန်းဆက်သွယ်လာသည့် အချက်အလက်များအရ နောက်ထပ် အောင်မြင်မှု ရှိမည့် ခရီးစဉ်ဟု မျှော်လင့်ထားသည်။ ယင်း အဖွဲ့တွင် အဖွဲ့ဝင် ၇ ဦး ပါဝင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် ၁ ဦး၊ ဘာသာပြန် ၁ ဦး ပါဝင် မည်ဖြစ်ကြောင်း၊ ယင်း အဖွဲ့သည် မေ ၂၄ ရက်နေ့အထိ မန္တလေးအနီးဝန်းကျင် ဒေသ ၄ ခုသို့သွားရောက်ကာ လေ့လာစူးစမ်း မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။