သတင်းတို

သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ တာဝန်ပေး

This article has been converted from Zawgyi One to Unicode

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဌ တာဝန်ပေးအပ်လိုက်ကြောင်း နေပြည်တော်တွင် ကျင်းပနေ သည့် ကြံ့ခိုင်ရေး ပါတီ လူငယ်ညီလာခံတွင် ကြေညာသည်ဟု သိရသည်။ ၂၀၁၂ ခု အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်ထိ နေပြည်တော်တွင် ကျင်းပခဲ့သော ပထမအကြိမ် ကြံ့ခိုင်ရေးပါတီ ညီလာခံက ပါတီ ဥက္ကဌ နေရာအတွက် သမ္မတ ဦးသိန်းစိန်ကို ပြန် လည် ရွေးချယ်ခဲ့ပြီး သမ္မတ သက်တမ်းအတွင်း ပါတီ လုပ်ငန်းများ မလုပ်ဆောင်နိုင်သည့် အတွက် ဒု ဥက္ကဌ ဦးရွှေမန်းကပင် ဥက္ကဌ (ယာယီ)တာဝန်ကို ဆက်လက်တာဝန်ယူသွားမည်ဟု ဆိုခဲ့သည်။ ထိုပါတီညီလာခံအပြီး ရက်ပိုင်းအတွင်းမှာပင် ဥက္ကဌ တာဝန်ကို နိုင်ငံတော် သမ္မတ ထံမှ လွှဲယူခဲ့ရကြောင်း သူရဦးရွှေမန်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပါတီ ဥက္ကဌ ရွေးခြယ်ခံခဲ့ရခြင်းအပေါ် မြန်မာနိုင်ငံရေး အသိုင်းအဝိုင်း၏ ဝေဖန်မှုများလည်း ရှိခဲ့သည်။ သူရ ဦးရွှေမန်း သည် ပြည်ထောင်စု လွှတ်တော် နာယက တာဝန်လည်း ယူထားကြောင်း သိရသည်။ လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဌ လည်း ဖြစ် သည်။

Loading