သတင်းတို

ဖားကန့်ရှိ မွတ်စလင် ဆိုင်တချို့ ဖျက်ဆီးခံရ

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စဉ့်ငူရွာတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ကုန်မာဆိုင် သုံးဆိုင်ကို ရိုက်နှက်ဖျက်ဆီးမှု ယနေ့ ဖြစ်ပွားသည်။ ဖားကန့်ဒေသတွင်း ရေတွင်းများကို အဆိပ်ခတ်မည်၊ ဖားကန့်ရှိ ဘုန်းတော်ကြီးကျောင်းတခုကို အစ္စလာမ် ဘာသာ ဝင်များ ဝိုင်းထားသည်၊ သံဃာတော်များက အစ္စလာမ်ဘာသာဝင်များကို အခြားနေရာသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည် ဆိုသည့် ကောလာဟလများ ပျံ့နှံ့လာပြီးနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိအခြေအနေတွင် အခင်းဖြစ် နေရာတွင် ဒေသခံရဲများနှင့် စစ်တပ်မှ လုံခြုံရေးများချထားကြောင်း၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရသေးကြောင်း၊ အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားသော်လည်း ဆူပူအုံကြွမှုများဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

Loading