သတင်းတို

သမ္မတ ဦးသိန်းစိန် ဝါရှင်တန် သို့ သွားရောက်မည်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် လာမည့် မေ ၂၀ နှင့် ၂၁ ရက်များတွင် အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့သို့ သွားရောက်ရန် ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ပါရှိသည်။ ဦးသိန်းစိန်သည် စင်ကာပူကာကွယ်ရေး ဝန်ကြီး H.E. Dr. Ng Eng Hen နှင့်လည်း ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ စင်ကာပူ ကာကွယ်ရေး ဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံသည်။

Loading