သတင်းတို
မြန်မာ အာဏာပိုင်တွေအပေါ် အမေရိကန် ဗီဇာ ပိတ်ပင်မှု ရုပ်သိမ်း
This article has been converted from Zawgyi One to Unicode
အမေရိကန်က မြန်မာအစိုးရ အာဏာပိုင်များနှင့် မိသားစုဝင်များကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုကို ပြန်လည် ရုပ်သိမ်းလိုက် ကြောင်း သိရသည်။ ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၁၉၉၆ ခုနှစ်က ဗီဇာပိတ်ပင်မှု ပြုလုပ်ထား ခဲ့ခြင်း ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံနှင့် ပိုမို ထိတွေ့ ဆက်ဆံရန် ယင်းသို့ ပြန်လည် ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။